ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေနိုင်ငံ မြို့တော်ဝန်နဲ့ “ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ” ရဲ့ အမှုဆောင်ကော်မတီဥက္ကဋ္ဌ အဖွဲ့တို့လာရောက်တွေ့ဆုံ

November 16, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာ (၁၆) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား နော်ဝေနိုင်ငံ ဖရိုလန်းမြို့ရှိ မြို့တော်ဝန် Mr.Ove Gundersen နဲ့“ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ” ၏ အမှုဆောင်ကော်မတီဥက္ကဋ္ဌ Salai Jhon Thang Tam Mang တို့ ဦးဆောင်သော အဖွဲ့ဝင်တွေဟာ ယနေ့ညနေ ၃ […]

ရသေ့တောင်မြို့နယ်မှ ချင်းတိုင်းရင်းသား (၁၆၀)ကျော် မင်းပြားမြို့သို့ထွက်ပြေးလာ၊ စားနပ်ရိက္ခာထောက်ပံ့သူမရှိ၍အခက်အခဲဖြစ်နေ

November 16, 2019 za len 0

၂၀၁၉ ၊ နိုဝင်ဘာလ (၁၆) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သက်ပြေကျ ကျေးရွာ နဲ့ ပဲသဒူ ကျေးရွာမှ ပြည်သူ (၁၆၀)ကျော်ဟာ နိုဝင်ဘာလ (၁၅)ရက်တွင် မင်းပြားမြို့နယ် သူဌေးကုန်ကျေးရွာသို့ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ဒေသခံတစ်ဦးထံမှသတင်းရရှိပါတယ်။ ရခိုင်ပြည်နယ် ချင်းတက္ကသိုလ်ကျောင်းသားများအဖွဲ့ ဥက္ကဌ ဆလိုင်း ထွန်းလှကျော်က “နေရေးထိုင်ရေးက အစ […]

ပြည်သူနဲ့လွှတ်တော်ကိုယ်စားလှယ်တွေတင်ပြတဲ့ ကုမ္ပဏီ (၂၀)ကျော်ကို တင်ဒါထပ်ပေးမှာမဟုတ်ဟုဆို

November 16, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၁၆) ချင်းပြည်နယ်တွင် လုပ်ကိုင်နေတဲ့ ကုမ္ပဏီအချို့ဟာ တာဝန်မကျေလို့ အစိုးရထံမှတိုင်ကြားခြင်းခံရတဲ့ ကုမ္ပဏီ (၂၀)ကျော်ကို ဒီနှစ်တင်ဒါရာသီကစပြီး တင်ဒါထပ်မပေးတော့ဘူးလို့ ပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကဆိုပါတယ်။ ဝန်ကြီးဦးစိုးထက်က “ချင်းပြည်နယ်မှာရှိတဲ့ ကုမ္ပဏီတော်တော်များများကို တချို့ဒေသခံတွေမကျေနပ်လို့ နောက်ထပ်တင်ဒါ မပေးဖို့ တင်ပြလာတာ ကုမ္ပဏီ ၂၀ လောက်ရှိတယ်။ တာဝန်မကျေဘူး။ […]

ေခါ်နူးစုမ်အမျိုးသားဥယျာဉ်ဝင်ကြေးကို ပြည်တွင်းဧည့်သည်များပါ ပထမဆုံးစကောက်တဲ့လတွင် ကျပ် ၂၈ သိန်းကျော်ရရှိ

November 15, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၁၆) ခေါ်နူးစုမ်အမျိုးသားဥယျာဉ်ဝင်ကြေးကို ပြည်ပဧည့်သည်များသာမက ပြည်တွင်းခရီးသွားဧည့်သည်များပါ ပထမဆုံးစကောက်တဲ့လတွင် ကျပ် ၂,၈၀၇,၀၀၀ ရရှိကြောင်း ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးရုံးမှသတင်းရရှိပါတယ်။ ၂၀၁၄ ခုနှစ်တွင် ပြည်ပဧည့်သည်များကိုသာ ဝင်ကြေးကောက်ခံပေမယ့် ပြည်တွင်းခရီးသွားဧည့်သည်များလည်း ဝင်ကြေးကောက်ခံတော့မယ်လို့ သြဂုတ်လ (၁)ရက်နေ့က ထုတ်ပြန်ကြေညာပြီး အောက်တိုဘာလ (၁၃)ရက်မှ ဝင်ကြေးစတင်ကောက်ခံပါတယ်။ အောက်တိုဘာလ အတွင်း […]

အဆောင်သရဲ ရဲ့မူလတေးရေး၊ဆိုရှင် ဆလိုင်းဂျွန်သင်ဇမ်းက အိုင်ဒေါလ်ဒိုင်တွေကိုဒဲ့ပြောလိုက်တယ်

November 15, 2019 za len 0

မနေ့ည မြန်မာအိုင်ဒေါလ်ရဲ့ အမှတ်တရ တက္ကသိုလ်သီချင်းများ သီဆိုယှဉ်ပြုင်မှုတွင် မူးလာက ဆလိုင်းသွှအောင်၊ စောဘွဲ့မှူး နဲ့ ဆလိုင်းဂျွန်သင်ဇမ်းက ရေးစပ်သီဆိုထားတဲ့ အဆောင်သရဲ သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ မူးလာရဲ့ သီဆိုမှုနဲ့ ဒိုင်တွေအပေါ်မှာ ဆလိုင်းဂျွန်သင်ဇမ်းက အခုလို ၎င်းလူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဖော်ပြထားပါတယ်။ တကယ်တော့အဆောင်သရဲဟာ Ironic song (ရွဲ့တဲ့သီချင်း)ဖြစ်ပါတယ်။ ဒါကြောင့် […]

ချင်းစကားနဲ့ဗီဒီယိုရိုက်ကူးဖို့ရည်ရွယ်ကာ ဟားခါးတွင် ဇာတ်ညွှန်းရေးနည်းသင်တန်းပြုလုပ်မယ်

November 14, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ(၁၄) ချင်းဘာသာစကားနဲ့ ဗီဒီယိုရိုက်ကူးထုတ်လုပ်ဖို့အစီအစဉ်ရှိတာကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေဖြင့် ဟားခါးမြို့တွင် ဇာတ်ညွှန်းရေးနည်းသင်တန်းပြုလုပ်မယ်လို့သတင်းရရှိပါတယ်။ CACC (Chin Association for Christian Communication) အဖွဲ့ရဲ့ အနုပညာ နဲ့ယဉ်ကျေးမှုကော်မတီက ၂၀၂၀ ခုနှစ်တွင် ချင်း (ဟားခါး)ဘာသာစကားနဲ့ ဗီဒီယိုထုတ်လုပ်ဖို့ရည်ရွယ်ထားပါတယ်။ ယင်းသင်တန်းရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မိုင်အေနာဗျက်ထာမောက “နောက်နှစ်ရိုက်ကူးမယ့် ဇာတ်ကားလည်း […]

ဒုသမ္မတရွာသို့ပြောင်းရွေ့မယ့် ပလက်ဝစစ်ရှောင်ပြည်သူ ၁၀၀ ကျော် ဒီည ထန်တလန်မြို့ရောက်မယ်

November 14, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၁၄) ပလက်ဝမြို့နယ် မီးဇာကျေးရွာရှိ ဘွမ် (Bawm) မျိုးနွယ်စု စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု (၂၀) လူ(၁၀၀)ဟာ ဒီည ထန်တလန်မြို့သို့ရောက်ကြမယ်လို့ သတင်းရရှိပါတယ်။ ၎င်းတို့ဟာ ဒုသမ္မတရဲ့ ဇာတိရွာ သီးကီရ်(Tikir) ရွာသို့ပြောင်းရွေ့အခြေချနေထိုင်ဖို့ အစိုးရရဲ့အစီအစဉ်နဲ့ ပြောင်းရွေ့လာကြတာပါ။ နိုဝင်ဘာလ (၁၂)ရက်တွင် မီးဇာစစ်ဘေးရှောင်စခန်းမှထွက်လာပြီး […]

The Key band ရဲ့ Lead ဂီတသမား ဆလိုင်းဇန်သဲနဲ့ တွေ့ဆုံခြင်း

November 12, 2019 za len 0

The Key band ဟာ ၂၀၁၅ ခုနှစ်မှာထွက်တဲ့ ပြယုဂ် အယ်ဘမ်နဲ့ တစ်နိုင်ငံလုံးမှာနာမည်ကျော်ကြားလာတဲ့ Rock ဂီတအဖွဲ့တစ်ခုဖြစ်ပါတယ်။ ဒီအယ်ဘမ်ထဲမှာ ရန်သူတော်ခြောက်ပါး နဲ့ ပြည်တန်ဆာ သီးချင်းဟာ အခုထိ မရိုးနိုင်သေးတဲ့ သီချင်းကောင်းဖြစ်ပါတယ်။ The Key band ရဲ့ အဆိုတော်ကတော့ သာဒီးလူဖြစ်ပြီး […]

ကလေးမြို့တွင် ချောင်းထဲမှမျောလာတဲ့ အမည်မသိအလောင်းတွေ့ရှိ

November 12, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၁၂) ကလေးမြို့ တောင်ဇလပ်ရပ်ကွက်တွင် ချောင်းထဲမှမျောပါလာတဲ့ အမည်မသိ အမျိုးသားအလောင်းကို ဒီမနက် နံနက် (၈)နာရီခန့်တွင် ရပ်ကွက်နေပြည်သူများကတွေ့ရှိတယ်လို့သတင်းရရှိပါတယ်။ တောင်ဇလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတီရယ်ထန်းက “အလောင်းကောက်တဲ့နေရာကတော့ ရွှေနှင်းဆီ(၁)လက်ဖက်ရည်ဆိုင်နားက ချောင်းဘေးမှာ စမ်းမြို့ဘုန်းကြီးကျောင်းဘေးက ချောင်းပေါ့နော်။ နဖူးပေါ်မှာ ဒဏ်ရာနည်းနည်းပါးပါးတော့တွေ့ပေမယ့် စခန်းမှူးက လဲလို့ဖြစ်တာနေမယ်လို့ပြောတယ်။ အခုတော့ ကလေးပြည်သူ့ဆေးရုံ […]

အကြွေးနဲ့ရိုက်ကူးထားတဲ့ ချင်းဗီဒီယိုဇာတ်ကား ဖြန့်ချီပြီး တစ်လမပြည့်ခင် အခွေနဲ့ရုပ်သံလိုင်းတွင်ခိုးယူပြသခံရ

November 9, 2019 za len 0

၂၀၁၉၊ နိုဝင်ဘာလ (၉) အကြွေးနဲ့ရိုက်ကူးထားတဲ့ ချင်း(ဖလမ်း) ဗီဒီယိုဇာတ်လမ်းဟာ ဖြန့်ချီပြီး နှစ်ပတ်မြောက်မှာ ခိုးကူးခွေနဲ့ ဒေသန္တရရုပ်သံလိုင်းတစ်ခုက ခိုးယူပြသခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ ယင်းဇာတ်လမ်းနာမည်ကတော့ Riakmaw va Hram aw (အသိုက်ပျောက်ငှက်ရှိုက်သံ) ဖြစ်ပြီး ၂၀၁၈ ခုနှစ် တစ်နှစ်နီးပါးအချိန်ယူကာ ဖလမ်းမြို့နယ် နဲ့ ကလေးမြို့မှာ […]