၂၁၊ ဩဂုတ် ၂၀၂၄
Zalen
ကလေးမြို့ အနောက်တောင်ပိုင်း ရှားတောကျေးရွာနဲ့ ကျွန်းတောရေရှည် (သုံးအိမ်စု)ကျေးရွာကို မနေ့က အကြမ်းဖက် စစ်ကောင်စီနဲ့ပျူစောထီးတွေ စစ်ကြောင်းထိုးကာ လူနေအိမ် ၄၀ ကျော်ကိုမီးရှို့ကြတယ်လို့ သတင်းရရှိပါတယ်။
ယမန်နေ့မနက် ၅ နာရီလောက်ကစပြီး စစ်ကား ၆ စီးဖြင့် စက္ကန့်ရွာကနေ ရှားတောရွာထဲသို့ဝင်ကာ CNDF ရဲဘော်တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးနောက် CNDF ရဲဘော်တစ်ဉီးကိုဖမ်းဆီးကာ သတ်ဖြတ်ပြီးအိမ်နဲ့အတူအလောင်းကို မီးရှို့ကြပါတယ်။
ပြီးနောက် ရှားတောရွာရဲ့အရှေ့ဘက် ကျွန်းတောရေရှည် (သုံးအိမ်စု)ရွာထဲ လက်ဆက်စစ်ကြောင်းထိုးပြီးလူနေအိမ် ၄၀ လောက်မီးရှို့ကြပါတယ်။
တော်လှန်ရေးရဲဘော်တစ်ဉီးက “စစ်ကြောင်းထိုးလာတဲ့သူတွေထဲမှာ ဆည်တော်ဉီး၊ ကျောင်းတိုက်ရွာ ကပျူတွေများ တယ်။ သူတို့သင်တန်းဆင်းပြီးမှာ ဒီဘက်ကို တိုက်ပွဲဖော်ခိုင်းတာဖြစ်မယ်။ မနေ့ညရှားတောဘက်က ခွေးတွေကတော့ ကား ၅ စီးနဲ့မြို့ထဲကိုပြန်တယ်။ မပြန်ခင် ရှားတော၊ ဆင်တော၊ မြောင်းစုံ၊ စီးစံကျေးရွာက သင်းအုပ်ဆရာတော်တွေခေါ်ပြီး မင်းတို့ရွာကနေ PDF တွေက ငါတို့ကိုလာတိုက်ရင် မင်းတို့ သုံးအိမ်စုကိုမြင်တယ်မဟုတ်လာ နင်တို့ရွာလည်း အကုန်လုံးမီးရှို့ခံရမယ်လို့ခြိမ်းခြောက်တယ်။ မနေ့ည သုံးအိမ်စုကနေခွေးတွေဆုတ်ပြီး ဒီမနက် ၁၀ နာရီမှာ ကား၂ စီးနဲ့မြို့လှရပ်ကွက်ကနေ မြို့ထဲကိုခေါ်သွားတယ်။ ကားပေါ်မှာ မြန်မာနိုင်ငံအာလံကိုင်ပြီး အောင်ပွဲခံနေကြတယ်”လို့ပြောပါတယ်။
မနေ့က လက်ပံချောင်းရွာထဲမှာ လေယာဉ်ဖြင့် ဗုံး ၂လုံးကြဲချပြီး မြို့အဝင်ဂိတ်တွေကနေလည်း လက်နက်ကြီးဖြစ်ရမ်းသမ်းပစ်ခတ်ခဲ့ကြပါတယ်။
သတင်း-EP