ကလေးမြို့တွင် မဲပေးပိုင်ခွင့်ရှိသူ ၂၇၀,၀၀၀ ကျော်တွင် ချင်းတိုင်းရင်းသား ၁၃၀,၀၀၀ ကျော်ရှိ

ဒီနှစ် နိုဝင်ဘာလ (၈)ရက်တွင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကလေးမြို့တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၂၇၃,၁၆၈ ဦးရှိတဲ့ထဲမှာ ချင်းတိုင်းရင်းသား မဲပေးပိုင်ခွင့်ရှိသူ ၁၃၀,၀၀၀ ကျော်ရှိတယ်လို့ ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဂင်ခန့်ပေါင် ထံကသတင်းရရှိပါတယ်။

မဲထည့်ဖို့ မဲရုံ (၁၉၅)ရုံဖွင့်လှစ်မှာဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲထက် မဲရုံ ၂၀ တိုးထားတယ်လို့သိရပါတယ်။

မဲရုံတွင် အရင်က မဲစာရင်းထုတ်ပေးသူနဲ့ စစ်ဆေးသူဟူ၍ ၂ ဦးရှိပြီး ဒီနှစ်မှာတော့ ၄ဦးထားရှိမယ်လို့ ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌထံမှသတင်းရရှိပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကလေးမြို့မှာ မဲပေးပိုင်ခွင့်ရှိသူ ၂၃၅,၂၃၁ ဦးရှိပြီး မဲပေးသူ ၁၆၂,၈၀၄ ဦး ရှိပါတယ်။

Zalen ad

စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းရေးရာဝန်ကြီး တစ်နေရာလည်းရှိပြီး ချင်းတိုင်းရင်းသားတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာပြန့်ကျဲနေထိုင်ကြပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်