ကလေးမြို့တွင် အောက်ဆီဂျင်ဗူးကြီး ၄၀ အိုးသာဖြည့်ပေးမယ့် ပုညကုသလအသင်းရှေ့တွင် မနက်မိုးမလင်းခင်ကဗူး ၂၀၀ ကျော်တန်းစီနေကြပြီ

ကလေးမြို့တွင် ပြည်သူ့အလှူငွေနဲ့ဝယ်ယူထားတဲ့အောက်ဆီဂျင်စက်ကနေထုတ်လုပ်တဲ့အောက်ဆီဂျင်ကို ဒီနေ့ ဇူလိုင် ၂၁ ရက်တွင် ပုညကုသလ နာကူအသင်းကအလှည့်ကျရရှိတာကြောင့် အောက်ဆီဂျင်ဖြည့်ဖို့ ပြည်သူတွေ ယင်းအသင်းရှေ့တွင် မနက် ၄ နာရီကတည်းက တန်းစီစောင့်ဆိုင်းနေကြပါတယ်။

ပြည်သူ့အောက်ဆီဂျင်စက်ဟာ တစ်ရက်မှာ လီတာ ၄၀ ဆံ့ အိုး ၃၀ မှ ၄၀ ကြားထုတ်လုပ်နိုင်ပြီးယနေ့ ဇူလိုင် ၂၁ ရက်ကစပြီး တိုင်းရင်းဆေးရုံကိုဗစ်စင်တာနဲ့ အိတ်စွပ်စင်တာကို တစ်ရက် ၄ ဗူးစီပုံမှန်ပေးကာ ကျန်တဲ့ဗူးတွေကို နာကူအသင်း ၃ သင်းထံ အလှည့်ကျဆက်လက်ပေးဝေမှာဖြစ်ပါတယ်။

ဒီနေ့ ဇူလိုင် ၂၁ ရက်နေ့ကို ပုညကုသလအသင်း 09-400534470 ထံအောက်ဆီဂျင်အလှည့်ကျရရှိတာကြောင့် အောက်ဆီဂျင်လိုအပ်တဲ့ပြည်သူတွေလာရောက်တန်းစီကြခြင်းဖြစ်တယ်။

လီတာ ၄၀ ဆံ့အိုးကြီးတွေကို အိုးသေး ၁၀ လီတာ၊ ၁၅ လီတာအိုးတွေကိုပဲ ပြန်ဖြည့်ပေးကြပါတယ်။ ၁၅ လီတာဗူးတွေဆိုရင်တော့ ဗူး ၁၀၀ ကျော်ဖြည့်နိုင်မှာဖြစ်တယ်။

မနက်ဖြန် ဇူလိုင် ၂၂ ရက်နေ့ အလှည့်ကျမယ့် သူကတော့ ကာယကံမေတ္တာအသင်း 09-400309807 ဖြစ်ပါတယ်။ အောက်ဆီဂျင်လိုအပ်သူများ ၎င်းတို့အသင်းထံ သွားရောက်ဖြည့်လို့ရပါတယ်။

ဇူလိုင် ၂၃ ရက်မှာတော့ ဇောဘု (Zawlbuk) အသင်း 09-400544443 မှာဖြည့်လို့ရပါမယ်။

နောက်ဆုံးရသတင်းများ

ရေဇွာမြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလို့ စစ်ကောင်စီဘက်မှလေကြောင်းအသုံးပြုလာ

၂၈ ၊ နိုဝင်ဘာ ၊ ၂၀၂၃ Zalen ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ ရေဇွာ မြို့ စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတယ်လို့သိရပါတယ်။ ရေဇွာ မြို့အခြေစိုက်စခန်းသိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၂၆ ...

ဆက်ဖတ်ရန်