ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းရွာနဲ့ နတ်ချောင်းရွာကို စစ်ကောင်စီက မီးရှို့

အောက်တိုဘာ ၃၀၊ ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းရွာနဲ့ နတ်ချောင်းရွာကို စစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၃၀ ရက်နေ့မနက်မှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ နတ်မြောင်းရွာကို ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာပါ။

Zalen ad

“မနက်ပိုင်းမှာ ရွာထဲကို စစ်ကြောင်း ဝင်လာတယ်။ ရိက္ခာပစ္စည်းတွေ ခိုးယူတယ်။ ပြီးမှ နေအိမ်ကို မီးရှို့တာပါ။”လို့ ကလေးမြို့နယ်ဒေသခံတစ်ဦးက Zalen ကို ပြောပါတယ်။

နတ်မြောင်းရွာကို မီးရှို့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့အောက်တိုဘာ ၂၉ ရက်နေ့ည သာစည်ရွာမှာ ညအိပ်ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ အောက်တိုဘာ ၃၀ ရက်၊ ညနေ ၃ နာရီဝန်းကျင်မှာ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ နတ်ချောင်းရွာ ဝင်ရောက်မီးရှို့ဖျက်ဆီးနေပါတယ်။

“စစ်ကြောင်းတွေ ဖြန့်ကျဲပြီး တစ်ရွာဝင်တစ်ရွာထွက် ပစ္စည်းတွေ ခိုးယူပြီး နေအိမ်တွေ မီးလိုက်ရှို့လုပ်နေပါတယ်။”လို့ ကလေးမြို့နယ်ဒေသခံတစ်ဦးက Zalen ကို ပြောပါတယ်။

စစ်ကောင်စီဟာ ကလေးမြို့နယ်တောင်ပိုင်းမှာ အင်အား ၁၀၀ ကျော်၊ ၂၀၀ နဲ့ စစ်ကြောင်းတွေဖြန့်ပြီး ရွာထဲဝင်ကာ လူနေအိမ်တွေကို ဆက်တိုက်မီးရှို့နေပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းတလျှောက် ရွာသားများလည်း စစ်ကောင်စီ စစ်ကြောင်းထိုးလာလို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း-ဆလိုင်း

ပုံစာ- နတ်မြောင်းရွာကိုစစ်ကောင်စီတပ်က မီးရှို့နေစဥ်

ဓာတ်ပုံ-လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်