ကလေးမြို့နယ်တွင် တပ်မတော်သား မဲပေးပိုင်ခွင့်ရှိသူတွေ နီးစပ်ရာမဲရုံများတွင် မဲပေးရန်စီစဉ်

ကလေးမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိတဲ့ တပ်မတော်သား ငါးထောင်ကျော်ရှိပြီး ၎င်းတို့အတွက် မဲရုံသီးသန့်မရှိဘဲ နီးစပ်ရာမဲရုံများတွင် မဲပေးရန်စီစဉ်ထားတယ်လို့ ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ထံမှသတင်းရရှိပါတယ်။

ကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဌ ဦးဂင်ခန့်ပေါင်က “တပ်မတော်သားတွေတွက် မဲရုံသပ်သပ်မထားဘူး။ သူတို့နေထိုင်တဲ့တပ်ရဲ့ နီးစပ်ရာကျေးရွာ ဒါမှမဟုတ် ရပ်ကွက် မဲရုံမှာပဲ မဲသွားထည့်ရမယ်။ ၈၉ တပ်ရင်းဆိုရင် အောင်ဇေယျရပ်ကွက်မဲရုံမှာ၊ ထောက်ပို့မှာနေတဲ့သူတွေဆိုရင် တပ်ဦးသီတာရပ်ကွက် မဲရုံမှာသွားထည့်ရမယ်” လို့ပြောပါတယ်။

ယခင်က တပ်မတော်သားတွေဟာ အထွေထွေရွေးကောက်ပွဲမှာ တပ်ရင်းထဲမှာပဲ မဲထည့်ကြပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပထမဆုံးအကြိမ် တပ်ရင်းပြင်ပမှာ မဲထည့်ကြမှာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတွင် ကလေးမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၇၀,၀၀၀ ကျော်ရှိပြီး မဲရုံ (၁၉၅)ရုံဖွင့်လှစ်မှာဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်