ကလေးမြို့ စိန်တည်းခိုခန်း မန်နေဂျာကို သတ်ပြီး ဆွဲကြိုးနဲ့ ဆိုင်ကယ်လုယူထွက်ပြေးသူဖမ်းမိ

ကလေးမြို့ စိန် တည်းခိုခန်း မန်နေဂျာ ဦးစံဌေးကို ဓားနဲ့ထိုးသတ်ပြီး ဆိုင်ကယ်နဲ့ ဆွဲကြိုးလုယူထွက်ပြေးသူ ဦးသိန်းထိုက်ဝင်း (၄၂နှစ်)အား တမူးမြို့တွင် ဇန်နဝါရီ (၁၄)ရက်တွင် ဖမ်းမိသွားပြီလို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဦးသိန်းထိုက်ဝင်းဟာ လုယူသွားတဲ့ ရွှေဆွဲကြိုးကို တမူးမြို့ ဈေးတန်း (၅) တရားဝင်အပေါင်ဆိုင်၌ သွားရောက်ပေါင်နှံကြောင်းသတင်းရရှိသဖြင့် ဈေးတန်းအုပ်ချုပ်ရေးအဖွဲ့နှင့်စန္ဒာကူးအုပ်ချုပ်ရေးအဖွဲ့များ မြို့မရဲတပ်ဖွဲ့များနှင့် ကလေးမြို့ ရဲတပ်ဖွဲ့များ ပူးပေါင်းကာ ၎င်းနေထိုင်ရာ စန္ဒားကူးရပ်ကွက်တွင်သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

ကိုသိန်းထိုက်ဝင်းဟာ စိန်တည်းခိုခန်းတွင် တည်းခိုလာတာ တစ်လခန့်ရှိပြီး တည်းခိုခန်းခပေးဖို့ ပိုက်ဆံရစရာရှိ၍ သွားယူဖို့ မန်နေဂျာကိုအကူအညီတောင်းရာမှ မန်နေဂျာကို ဇန်နဝါရီလ (၁၀) ည (၈)နာရီခန့်တွင် ကလေးမြို့နယ် အိတ်စွတ်ကျေးရွာနဲ့ သင်္ဘောပင်ကွင်းကျေးရွာကြား လမ်းမဘေးတွင်ထိုးသတ်ပြီးထွက်ပြေးသွားတာဖြစ်ပါတယ်။

တည်းခိုခန်းခ မပေးနိုင်သောကြောင့် မန်နေဂျာ အား ဓားဖြင့်ထိုးသတ်

Zalen ad

ကိုသိန်းထိုက်ဝင်းဟာ ၂၀၁၃ ခုနှစ်က ကလေးမြို့ သစ်တောရုံးက တောခေါင်းတစ်ယောက်ကိုသတ်ခဲ့တာကြောင့် ထောင်ချခံရပြီး မကြာသေးခင်က ထောင်မှလွတ်မြောက်လာတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်