ကွာတားဖိုင်နယ်တွင် ချင်းနဲ့ မနှစ်က ဒုတိယရရှိတဲ့ ဧရာဝတီအသင်းတို့ကစားမယ်

၂၀၁၉၊ အောက်တိုဘာ (၂၅)
ယူ-၁၂ တိုင်းနဲ့ပြည်နယ် ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ချင်းအသင်းနဲ့ မနှစ်က ဒုတိယဆုရရှိတဲ့ ဧရာဝတီအသင်းတို့ (၂၇)ရက် မနက်(၈)နာရီတွင် ရန်ကုန်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ယင်းပွဲစဉ် ကစားနေစဉ် Zalen page မှ Live နဲ့တင်ဆက်မှာဖြစ်ပါတယ်။

ချင်းပြည်နယ် ယူ-၁၂အသင်းနည်းပြ ဦးကီးလိန်းက “ကျနော်တို့အသင်းက နေမကောင်းတဲ့ကစားဆက်ကန်ခိုင်းရင်တော့ ကောင်းတဲ့ကလေးတစ်ယောက်ဆုံးသွားမှာ။ တစ်နေ့က ကန်ခိုင်းတာကွင်းထဲမှာမူးလဲလို့ထမ်းထုတ်ရတာလေ။ အဖွဲ့ချုပ်ဘက်က သူ့ကိုဆက်မကန်ခိုင်းရင်တော့ ကျနော်တို့အသင်းတွက်စိတ်ပူစရာမရှိဘူး။ ကွာတားမှာရှုံးရင်တော့ ပြုတ်တာပဲ။ နိုင်ရင်တော့ ဆီမီးဖိုင်နယ်တက်ခွင့်ရမယ်။ ဧရာဝတီအသင်းက ကောင်းတဲ့အသင်းထဲမှာပါတယ်” လို့ပြောပါတယ်။

လက်ရှိအချိန်ထိ ချင်းအသင်းက ၃ ပွဲကစားရာ ၃ပွဲစလုံးအနိုင်ရပြီး ဂိုး (၂၉)လုံး သွင်းယူနိုင်ခဲ့တယ်။ မနှစ် ယူ-၁၂ ပြိုင်ပွဲတွင် ချင်းအသင်းက တတိယဆု၊ ဧရာဝတီအသင်းက ဒုတိယဆု၊ မကွေးအသင်းက ပထမဆု အသီးသီးရရှိကြပါတယ်။

Zalen ad

(Zawgyi)

ကြာတားဖုိင္နယ္တြင္ ခ်င္းနဲ႔ မႏွစ္က ဒုတိယရရွိတဲ့ ဧရာဝတီအသင္းတို႔ကစားမယ္

၂၀၁၉၊ ေအာက္တိုဘာ (၂၅)
ယူ-၁၂ တိုင္းနဲ႔ျပည္နယ္ ေဘာလံုးျပဳိင္ပြဲ ကြာတားဖိုင္နယ္တြင္ ခ်င္းအသင္းနဲ႔ မႏွစ္က ဒုတိယဆုရရွိတဲ့ ဧရာဝတီအသင္းတို႔ (၂၇)ရက္ မနက္(၈)နာရီတြင္ ရန္ကုန္ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္ျမက္ခင္းတုကြင္း၌ ယွဥ္ျပဳိင္ကစားၾကမွာျဖစ္ပါတယ္။

ယင္းပြဲစဥ္ ကစားေနစဥ္ Zalen page မွ Live နဲ႔တင္ဆက္မွာျဖစ္ပါတယ္။

ခ်င္းျပည္နယ္ ယူ-၁၂အသင္းနည္းျပ ဦးကီးလိန္းက “က်ေနာ္တို႔အသင္းက ေနမေကာင္းတဲ့ကစားဆက္ကန္ခိုင္းရင္ေတာ့ ေကာင္းတဲ့ကေလးတစ္ေယာက္ဆံုးသြားမွာ။ တစ္ေန႔က ကန္ခိုု္င္းတာကြင္းထဲမွာမူးလဲလို႔ထမ္းထုတ္ရတာေလ။ အဖြဲ႔ခ်ဳပ္ဘက္က သူ႔ကိုဆက္မကန္ခိုင္းရင္ေတာ့ က်ေနာ္တို႔အသင္းတြက္စိတ္ပူစရာမရွိဘူး။ ကြာတားမွာရံႈးရင္ေတာ့ ျပဳတ္တာပဲ။ ႏိုင္ရင္ေတာ့ ဆီမီးဖိုင္နယ္တက္ခြင့္ရမယ္။ ဧရာဝတီအသင္းက ေကာင္းတဲ့အသင္းထဲမွာပါတယ္” လို႔ေျပာပါတယ္။

လက္ရွိအခ်ိန္ထိ ခ်င္းအသင္းက ၃ ပြဲကစားရာ ၃ပြဲစလံုးအႏိုင္ရၿပီး ဂိုး (၂၉)လံုး သြင္းယူႏိုင္ခဲ့တယ္။ မႏွစ္ ယူ-၁၂ ျပဳိင္ပြဲတြင္ ခ်င္းအသင္းက တတိယဆု၊ ဧရာဝတီအသင္းက ဒုတိယဆု၊ မေကြးအသင္းက ပထမဆု အသီးသီးရရွိၾကပါတယ္။

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်