ဇန်နဝါရီ ၃၀၊ ၂၀၂၆
Zalen
ချင်းပြည်နယ် မြို့နယ် ၇မြို့နယ် အပါအ၀င် နိုင်ငံတ၀န်းက မြို့နယ် ၆၃ မြို့နယ်ကို စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေး သက်တမ်းတိုးလိုက်ပါတယ်။
စစ်အုပ်ချုပ်ရေး သတ်မှတ်ထားတဲ့ ကာလကို နောက်ထပ် ရက် ၉၀ တိုးလိုက်တယ်လို့ ဇန်နဝါရီ ၂၉ ရက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့် ထုတ်ပြန်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က ချင်းပြည်နယ်က ဖလမ်း၊ တွန်းဇံ၊ မင်းတပ်၊ ထန်တလန်၊ ကန်ပက်လက်၊ မတူပီ နဲ့ ပလက်၀မြို့နယ်တွေကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးသတ်မှတ်ထားတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ကချင်၊ ကယား၊ ကရင်၊ ရခိုင်၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊မကွေးတိုင်းတို့က မြို့နယ်တွေလည်း ပါဝင်ပါတယ်။
စစ်ကောင်စီကတော့ လက်နက်ကိုင်တိုက်ခိုက်မှုတွေကို ထိန်းချုပ်ဖို့၊ နယ်မြေတည်ငြိမ်အောင် လုပ်ဖို့နဲ့ တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်ဖို့ဆိုပြီး အကြောင်းပြကာ စစ်အုပ်ချုပ်ရေး သက်တမ်းထပ်တိုးထားတာပါ။
အရေး ပေါ်ကြေညာထားတဲ့ မြို့နယ်တွေက နယ်မြေအများစုကို NUG နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။
သတင်း- Mary
ဓာတ်ပုံ-လူမှုကွန်ယက်
#စစ်အုပ်ချုပ်ရေး #သက်တမ်းတိုး#Zalen
















