ချင်းပြည်နယ်ရဲ့ ကိုဗစ်-၁၉ ရောဂါ နောက်ဆုံးလူနာဖြစ်တဲ့ case-232 ဟာ ပြန်လည်သက်သာလာသဖြင့် ယနေ့ ၁၂ နာရီခွဲတွင် ဟားခါးဆေးရုံမှဆင်းခွင့်ပေးလိုက်ပြီလို့သတင်းရရှိပါတယ်။
case-232 ဟာ မင်းတပ်မြို့နယ် ကြာလေလှိုင်းကျေးရွာသား (၂၃ နှစ်)ဖြစ်ပြီး မလေးရှားနိုင်ငံကနေပြန်ရောက်လာတာဖြစ်ပါတယ်။
၎င်းရဲ့ကျန်းမာရေးကို (၇)ကြိမ် ဓာတ်ခွဲစစ်ဆေးရာ (၂)ကြိမ်ဆက်တိုင် Negative ပြလာသဖြင့် ဟားခါးဆေးရုံကနေ မင်းတပ်ဆေးရုံကို ယနေ့လွှဲပြောင်းလိုက်ပါတယ်။

ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ လူနာ (၁၀)တွေ့ရှိခဲ့ရာ ယခုတွင် အားလုံးကျန်းမာစွာဆေးရုံကနေ ဆင်းကြပါပြီ။
ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ လူနာတွေ့ရှိတဲ့နေရာတွေကတော့ တီးတိန်မြို့တွင် (၇)ဦး၊ ဟားခါး၊ ထန်တလန် နဲ့ မင်းတပ်တွင်တစ်ဦးစီ တွေ့ရှိခဲ့ပါတယ်။