ချင်းဖိုက်တာ MT Timothy ဒီညနေ ကစ်ဘောက်ဆင်ပွဲထိုးမယ်

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၄
Zalen

ချင်းလူငယ်ဖိုက်တာ MT Timothy ကတော့ နိုဝင်ဘာလ ၃၀ ရက် ဒီညနေ မလေးရှားစံတော်ချိန် ၃ နာရီဝန်းကျင် မှာ ကစ်ဘောက်ဆင်ပွဲပြန်လည်ထိုးသတ်တော့မယ်လို့သိရပါတယ်။

ချင်းဖိုက်တာဟာ ဒီတစ်ခါမှာတော့ မလေးရှား လူငယ်ဖိုက်တာ တဲန်ကူ ( Tengku ) နဲ့ မလေးရှားနိုင်ငံ Dewan Besar Tanjung MBSA, Seksyn 19, Shah Alamမှာ ထိုးသတ်သွားကြမှာဖြစ်ပါတယ်။

ချင်းဖိုက်တာ MT Timothy က အရပ်အမြင့် ၅ ပေ ၂ လက်မရှိပြီး အသက် ၂၂ နှစ်ဖြစ်ပါတယ်။ အပျော်တမ်းပွဲ ၂၄ ပွဲထိုးသတ်ထားပြီးတော့ ၁၈ ပွဲနိုင် ၆ ပွဲရှုံးတယ်။ ပြိုက်ဘက်က အရပ်အမြင့် ၅ ပေ ၇ လက်မ ရှိပြီးအသက် ၁၉ နှစ် ဖြစ်တယ်။ အပျော်တမ်း ၁၀ ပွဲထိုးသတ်ထားပြီးတော့ ၇ ပွဲနိုင် ၃ ပွဲရှုံးထားတယ်။

Zalen ad

MT Timothy ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂ ရက်နေ့မှာ ၅၀ ကီလိုဝိတ်တန်းကို ဆင်းပြီးဘောက်ဆင်ပွဲထိုးသတ်ခဲ့ လို့ ရှုံးနိမ့်ခဲ့တာကြောင့် နောက်နောင် ကိုယ့်ဝိတ်တန်းမှာပဲထိုးသတ်သွားတော့မှာဖြစ်ကြောင်း၊ ဝိတ်ချပြီးထိုးရတာအ ဆင်မပြေကြောင်း Zalen ကိုပြောကြားပါတယ်။ ဒီတစ်ခါမှာတော့ သူ့ရဲ့ဝိတ်တန်းဖြစ်တဲ့ ၅၄ ကီလိုဝိတ်တန်းမှာ ထိုးသတ်ကြမှာဖြစ် ပါတယ်။

ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ ချင်းလူငယ်များဟာ တိုက်ခိုက်ရေးအားကစားကိုတွင်တွင်ကျယ်ကျယ် ကစားလာ ကြပြီးတော့ တစ်ချို့က ကမ္ဘာ့အလယ် အဆင့်အမြင့်ဆုံးပရိုမိုးရှင်းတွေမှာပါဝင်ထိုးသတ်နေသူတွေလည်းရှိသလို တစ်ချို့က ပရော်ဖက်ရှင်နယ်ဘက်ရောက်နိုင်ဖို့ကြိုးစားနေကြပါတယ်။

သိုင်းပေါင်းစုံ ( Mixed Martial Art – MMA ) ပရိုမိုးရှင်းတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ UFC မှာလည်း ချင်းလူငယ် Joshua Van ပါဝင်ထိုးသတ်နေပြီး လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာလည်း အမေရိကန်ဝါရင့်ဖိုက်တာ ကိုဒီဒါဒန် ( Cody Durden ) နဲ့ ထိုးသတ်ကြမှာဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

တန်းတူညီမျှသော ပြည်ထောင်စုသစ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု CDF-Asho ထုတ်ပြန်

ဇန်နဝါရီ  ၂၂ ၊ ၂၀၂၆။ Zalen တန်းတူညီမျှမှုရှိသော ပြည်ထောင်စုသစ်တရပ် ပေါ်ထွန်းလာသည်အထိ အရှိန်အဟုန်မပျက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) က ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ...

ဆက်ဖတ်ရန်