စစ်ကောင်စီက ဖုန်းလိုင်းတွေဖြတ်တောက်ပြီး မင်းတပ်မြို့ကို ၆ ရက်ဆက်တိုက်ဗုံးကြဲ

ဇွန် ၁၀၊၂၀၂၆

Zalen 

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး ၆ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

Zalen ad

ဒီကနေ့ မနက်ပိုင်း ၈ နာရီ ၀န်းကျင်ကနေစပြီး မင်းတပ်မြို့အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ၄ ကြိမ် ဗုံးသီး ၈ လုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။

ညနေပိုင်း ၂ နာရီခွဲ ၀န်းကျင်မှာလည်း ဂျက်

ဖိုက်တာ ၂စီးနဲ့ ဗုံး ၄ လုံး ထပ်မံ ကြဲချတိုက် ခိုက်ခဲ့ တာကြောင့်နေအိမ်တွေထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

” မိခင်နဲ့ကလေး ရုံးနားတွေလို့သိရတယ်။အရင်က စည်ပင်၀န်ကြီးဟောင်းဦးနိန်နိုင်းအိမ်လည်းထိတယ်တဲ့။အိမ်ထိတာတော့ များပါတယ်။ ဖုန်းလိုင်းတွေကိုလည်ဖြတ်ထားတာကြာပြီ။ ငါးရက်လောက်ရှိပြီ။အဆက် အသွယ်မရနိုင်ဘူး” လို့ ဒေသခံတဦးက Zalen ကိုပြောပါတယ်။

ဦးနိန်နိုင်းကတော့ ယခင် စစ်အစိုးရ ၂၀၁၀ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်အထိ ချင်းပြည်နယ် စည်ပင်၀န်ကြီးအဖြစ်တာ၀န်ယူခဲ့ဖူးပြီး ၊ ပင်စင်ရအထက်တန်းပြ ကျောင်းဆရာ တဦးဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

မနေ့က ဇွန်လ ၉ ရက်နေ့မှာလည်း မင်းတပ်မြို့အရှေ့ခြမ်းကို  ဂျက်ဖိုက်တာ ၂စီး နဲ့ ၃ ကြိမ် ၊ဗုံးသီး ၆ လုံးကြဲချ တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့အထိ စစ်ကောင်စီက မင်းတပ်မြို့ပေါ်နဲ့ မြို့အရှေ့ဘက်ခြမ်းကို လေကြောင်းကနေ ဂျက်ဖိုက်တာ ၁၆ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၁၀လုံးထက်မနည်း ပျက်စီးခဲ့တာပဲဖြစ်ပါတယ်။

သတင်း – မိုးပီအောင်

ဓာတ်ပုံ- HKL

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်