စစ်ကောင်စီက Non CDM ဝန်ထမ်းနဲ့ အငြိမ်းစား ဝန်ထမ်းတွေကို လစာတိုးမြင့်ပေး

ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၄

Zalen

စစ်ကောင်စီက Non CDM ဝန်းထမ်းနဲ့ အငြိမ်းစား ဝန်ထမ်းတွေကို လာမယ့် သြဂုတ်လက စပြီးတော့ လစာခံစားခွင့် မြန်မာငွေ ၃သောင်းကျပ် တိုးမြင့်ပေးသွားမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ထုတ်ပြန်ချက်မှာ နိုင်ငံ့ဝန်ထမ်းများ နိုင်ငံတော်ရဲ့ တာဝန်ထမ်းဆောင်ရာမှာ စားဝတ်နေရေးနဲ့ သက်သာချောင်ချိရေးကို အထောက်အကူဖြစ်စေဖို့အတွက် အခါအားလျော်စွာ လစာနှုန်းထားတိုးမြှင့်ခြင်းနှဲ့ အပိုထောက်ပံ့ကြေးခံစားခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက Non CDM ဝန်ထမ်းနဲ့ အငြိမ်းစား ဝန်ထမ်းတွေကို လစာတိုးမြင့်ပေးပေမယ့် ချင်းပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့တွေက Non CDM ဝန်းထမ်းနဲ့ အငြိမ်းစား ဝန်ထမ်းတွေဟာ လစာတွေ ထုတ်ယူခွင့်မရဘဲ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

“ပလက်ဝမှာ အေအေ သိမ်းပိုက်ပြီးနောက် ပင်စင်ဝန်ထမ်းတွေ လစာထုတ်မရတော့ဘူး။ မပေးတော့ဘူး။ တချို့က ရန်ကုန်၊ စစ်တွေတို့မှာ ထုတ်လို့ရတယ်လို့ ပြောပေမယ့် ဘယ်လိုထုတ်ရမလဲ၊ ဘယ်မှာထုတ်လို့ရလဲဆိုတာ သေချာမသိတော့ ထုတ်မရဘူး။”လို့ ပလက်ဝမြို့နယ်က အငြိမ်းစား ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

လိုင်လင်းပီမြို့ဒေသခံ ကျောင်းဆရာတစ်ဦးက ” ကျွန်တော်တို့က လိုင်လင်းပီမှာ CDF တွေ သိမ်းပြီး ဘာလစာမှမရတော့ဘူး။ ကျောင်းလည်း မတက်တော့ဘူး။ ကျောင်းတက်ချင်ရင် ဟားခါးသွားပြီး ပြည်နယ်ပညာရေးမှူးဆီ စာတင်ပြီး တာဝန်ပြန်ထမ်းဆောင်မှ လစာပြန်ပေးမယ်ပြောတယ်။ ကျွန်တော်တို့လည်း အဲ့ကို တကူးတက မသွားဖြစ်တော့ဘူး။”လို့ ဆိုပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းကလည်း Non CDM ဝန်ထမ်းတွေကို လစာ မြန်မာငွေ ကျပ် ၃သောင်း တိုးမြင့်ပေးသလို ယခုခါ ဒုတိယအကြိမ် လစာ တစ်ဦးလျင် ကျပ် ၃ သောင်းကျပ် ထပ်မံ တိုးမြင့်ပေးခဲ့တာဖြစ်ပါတယ်။

သတင်း – ကိုခူမီး

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်