စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး အိန္ဒိယဘက်ကျရောက်ပေါက်ကွဲခဲ့လို့ အိန္ဒိယတပ်က ပြန်လည်တုန့်ပြန်

ဇူလိုင်  ၆၊  ၂၀၀၂၆

Zalen

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူး-ကလေး လမ်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ကပစ်လွတ်တဲ့ လက်နက်ကြီး အဆံများ အိန္ဒိယကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့လို့ အိန္ဒိယစစ်တပ်က လက်တုန့်ပြန်ခဲ့ရတယ်လို့ စစ်ရှောင်များထံကသိရပါတယ်။

Zalen ad

ဇူလိုင်လ ၃ရက်နေ့က အိန္ဒိယ-မြန်မာ နယ်စပ် တမူး-ကလေး လမ်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ဗုံးသီး အချို့ဟာ အိန္ဒိယ ကျေးရွာ  Jangnomphai ကျေးရွာအနီးကိုကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပြီးလူအထိအခိုက်မရှိဘူးလို့သိရပါတယ်။” မြန်မာစစ်တပ်ရဲ့ လက်နပ်ကြီးဗုံးသီး ဇူလိုင်လ ၃ရက်နေ့က အိန္ဒိယထဲကျရောက်ပေါက်ကွဲခဲ့တာ။ ၄၊ ၅ လုံးလောက်ရှိမယ်။ လူအထိအခိုက်တော့မရှိပါဘူး။ အဲမှာရှိတဲ့ အိန္ဒိယ စစ်တပ်လည်း လက်နက်ကြီးနဲ့ ပြန်ပစ်လို့ ငြိမ်သွားတာ။” လို့ စစ်ရှောင်တဦးက Zalen ကိုပြောပါတယ်။

အဲဒီလို စစ်ကောင်ရဲ့ လက်နက်ကြီးအဆံ အိန္ဒိယကျေးရွာအနီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် နယ်စပ်မှာလုံခြုံရေးချထားတဲ့ အိန္ဒိယစစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ လက်တုန့်ပြန်ခဲ့တယ်လို့ဆိုပါတယ်။

အိန္ဒိယဘက် ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီး အဆံတွေဟာ တချို့က စစ်တပ်ပစ်ဒါမဟုတ်ဘဲ ကသည်းတွေက တမင် India စစ်တပ်တွေကို ပစ်ဒါလို့ ယူဆတယ်လို့ ဆိုကြပြီး Because Kabaw စစ်ကြောင်းတွင် ကသည်းသူပုန်တွေ ၅၀ရာခိုင်နှုန်း ခန့်ပါဝင်နေတယ်လို့သိရပါတယ်။

အိန္ဒိယမြန်မာနယ်စပ် ကလေး-တမူးလမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်စုများကြား တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က SNA၊ NSCN-IM တန်ခူလ်းလက်နက်ကိုင်တပ်ဖွဲ့များနဲ့ မဏိပူရ်ခွဲထွက်ရေးသူပုန် ကသည်းလက်ကိုင်တပ်များကို ရှေ့တန်းစစ်မြေပြင်မှာအဓိကထား အသုံးပြုနေတာဖြစ်ပါတယ်။

သတင်း – S-L

#အိန္ဒိယမြန်မာနယ်စပ် #စစ်ကောင်စီ #လက်နက်ကြီးကျ #Jangnomphai #Zalen

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်