စစ်ကောင်စီမှ တမူး-ကလေးကားလမ်း ပိတ်ထား

၃၀ စက်တင်ဘာ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူး-ကလေးလမ်းကို စစ်ကောင်စီတပ်ကနေ စက်တင်ဘာ ၂၁ရက်နေ့က စတင်ပိတ်ထားတယ်လို့ ဒေသခံများက ပြောပါတယ်။

တမူး-ကလေးလမ်းပိုင်းကို တစ်နှစ်ကျော်ပိတ်ထားရာမှ ၂၀၂၄ ဇွန်လ ၂၈ရက်နေ့မှာ ပြန်လည်ဖွင့်ပေးခဲ့တာဖြစ်ပြီး ၃လကျော်ခရီးသွားလာရေး အဆင်‌ပြေ ခဲ့ရာမှ ယခုလ ၂၁နေ့မှာ စစ်ကောင်စီတပ်များက ပြန်လည် ပိတ်စို့ထားလို့ ခရီးသွားပြည်သူများနဲ့ နာမကျန်းဖြစ်လို့ ကလေးမြို့ကိုသွားရောက် ဆေးဝါးကုသမည့် ပြည်သူများ အခက်တွေ့နေတယ်လို့ ပြောပါတယ်။

” ကျွန်မ သည်းခြေမှာ ကျောက်တည်နေလို့ ကလေးမြို့ဆေးရုံမှာ သွားခွဲမလို့ ကားလမ်းပိတ်ထားတော့ မသွားနိုင်သေးဘူး” လို့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

” တမူး-ကလေးလမ်းကို စစ်ကောင်စီဘက်က ပိတ်ထားတာဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့ဘက်က ပိတ်ထားတာမျိုးမရှိဘူး။ ဘာ‌ကြောင့်ပိတ်ထားတာလဲဆိုတာ မသိဘူး။ စစ်ရေးကြောင့်လည်းဖြစ်နိုင်ပါတယ်” လို့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကပြောပါတယ်။

အခုလို ကားအသွားအလာပိတ်ထားလို့ ဆိုင်ကယ် ကယ်ရီသမားတွေက‌ ကွင်းလမ်းကနေ ပို့ဆောင် နေရလို့ တမူးမြို့ကနေ ကလေးမြိုထိ ဆိုင်ကယ်ရီခ ၃သိန်းထိ ပေးဆောင်ရတယ်လို့ ခရီးသွားဒေသခံများထံမှ သိရပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်