စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အပိုင်း (၃)ကို စောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ရောက်ရှိ

ဇန်နဝါရီ ၂၄၊ ၂၀၂၆
Zalen

ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၃ နောက်ဆုံးအဆင့်ကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်ကို ရောက်ရှိလာပြီလို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်ဖို့ အိန္ဒိယ၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ကမ္ဘောဒီးယား၊ နီဂါဂွာရာနဲ့ International Conference of Asian Political Parties (ICAPP) တို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ရောက်လာတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့
ထိုင်း၊ အိန္ဒိယ၊ ရုရှား၊ ဘီလာရုစ်၊ ဖိလစ်ပိုင်၊ လာအို၊ နီဂါဂွာရာ၊ နီပေါနဲ့ ပါကစ္စတန်တို့က စတဲ့ ကိုယ်စားလှယ်အဖွဲ့တွေ လေ့လာစောင့်ကြည့်ဖို့ရောက်လာခဲ့ကြပါတယ်။

Zalen ad

ရွေးကောက်ပွဲအပိုင်း ၁ မှာ ထိုင်း၊ အိန္ဒိယ၊ ရုရှား၊ ဘယ်လာရုစ်၊ ဖိလစ်ပိုင်၊ လာအို၊ နီဂါဂွာရာ၊ နီပေါနဲ့ ပါကစ္စတန် စတဲ့ နိုင်ငံ ကိုးနိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ လာရောက်လေ့လာခဲ့ကြတာဖြစ်ပါတယ်။

အခု ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၃ ကို မြို့နယ် ၆၃ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုတာကြောင့် အာဆီယံအနေနဲ့ စောင့်ကြည့်လေ့လာသူတွေလည်း စေလွှတ်မှာမဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုဟာမက် ဟာဆန်က ပြောထားပါတယ်။

စစ်တပ်ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအဖြစ် ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် အနောက်နိုင်ငံတွေက ကန့်ကွက် ရှုတ်ချထားပါတယ်။

သတင်း-Helen

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်