စစ်အုပ်စုက ကနန်ကျေးရွာကို လေကြောင်းနဲ့ထပ်မံတိုက်ခိုက်လို့လူနေအိမ်တလုံးပျက်ဆီး

ဇွန် ၂၅၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကနန်ကျေးရွာကို လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့လို့ လူနေအိမ်တလုံးခန့် ပျက်ဆီးသွားတယ်လို့ ဒေသသတင်းအရင်းအမြစ်များထံမှ သိရပါတယ်။

ယမန်နေ့ဇွန်လ ၂၄ ရက်နေ့က တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာမှ ကနန်ကျေးရွာကို အခုလို ၁၃ မိနစ်ခြားနဲ့ ၂ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

” ဟုတ်တယ် ဂျက်ဖိုက်တာနဲ့ ၂ကြိမ်ဗုံးကြဲချသွားတာပါ။ မနက်ပိုင်း ၁၁နာရီ ၄၂မှာတစ်ကြိမ်၊ ၁၁နာရီ ၅၅မိနစ်မှာ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဗုံးသီး ၂လုံး ချသွားတာပါ။ လူအထိအခိုက်တော့မရှိဘူး လူနေအိမ်တလုံးတော့ ပျက်ဆီးသွားတယ်” လို့ စစ်ရေးသတင်းအရင်းအမြစ်တဦးက Zalen ကိုပြောပါတယ်။

Zalen ad

စစ်အုပ်စုက ဇွန်လ ၂၄ ရက်နေ့က လေကြောင်းနဲ့ ဒုတိယ အကြိမ် ဂျက်ဖိုက်သာနဲ့ ၂ကြိမ် ဗုံးသီး ၂လုံးနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူအထိအခိုက်မရှိပေမယ့် လူနေအိမ်တလုံး ပျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၂၂ ရက်နေ့ကလည်း ကနန်ကျေးရွာကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းလူငယ်တဦးသေဆုံးခဲ့ပြီး လူနေအိမ်အများအပြားပြိုကျပျက်ဆီးခဲ့သလို အိမ်မွေးတိရစ္ဆာန်အများအပြားလည်းသေးဆုံးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက်အားထားရတဲ့ ကလေး-တမူးလမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နှစ်ဘက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

သတင်း – BaNaBa

ပုံစာ – ဇွန်လ ၂၂ ရက်နေ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတဲ့ ကနန်ကျေးရွာလူနေအိမ်အချို့မြင်ကွင်း။

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်