တမူးမြို့တွင် အစိုးရနည်းပညာအထက်တန်းကျောင်းကို မကြာမီဖွင့်လှစ်မယ်

တမူးမြို့တွင် ဒေသလိုအပ်ချက်နဲ့ကိုက်ညီတဲ့ ကာလတို အသက်မွေးပညာသင်တန်းတွေတက်ရောက်နိုင်ဖို့ အစိုးရနည်းပညာအထက်တန်းကျောင်းကို ကိုဗစ်ကာလပြီးဆုံးသွားရင် စတင်ဖွင့်လှစ်တော့မယ်လို့ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှသတင်းရရှိပါတယ်။

ယင်းသင်တန်းကျောင်းကို ကျပ် ၁၆၄၃၇ သိန်းဖြင့်ဆောင်ရွက်နေတာဖြစ်ပါတယ်။

အစိုးရနည်းပညာအထက်တန်းကျောင်းကို စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ မုံရွာ၊ ချောင်းဦး၊ ခန္တီးတို့တွင်လည်းဖွင့်လှစ်ထားပါတယ်။