တမူးမြို့နယ်မှာ စကစအဖွဲ့က ပြည်သူနေအိမ်များကို ဖျက်ယူပြီးဘန်ကာများတည်ဆောက်

နိုဝင်ဘာ ၂၂၊ ၂၀၂၅။

Zalen

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်က လူမရှိတဲ့ပြည်သူနေအိမ်များကို ဖျက်ယူပြီး ဘန်ကာများတည်ဆောက်နေတယ်လို့ ဒေသခံများထံက သိရပါတယ်။

ယခုရက်ပိုင်းမှာ တမူးမြို့နယ် အထက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ် မင်းသာကျေးရွာမှာတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာအတွင်းက လူမရှိတဲ့ နေအိမ်များကို ဖျက်ယူပြီး အခုလို ဘန်ကာတည်ဆောက် နေတယ်လို့ ဆိုပါတယ်။

Zalen ad

” မင်းသာမှာက လူမနေတဲ့အိမ်များတယ်။ အဲဒီအိမ်တွေကို ဖျက်ပြီး ဘန်ကာတည်ဆောက်နေတာ။ နီးတဲ့အိမ်တွေက အသားချောင်း၊ ပျဉ်တွေကိုခွါယူဖျက်ယူထားတာ များမယ်ဗျ။ အခုတစ်ခေါက်ထဲမဟုတ်ဘူး။ အရင်ကလည်း အဲလိုဘဲ ဖျက်ယူနေကြတာ” လို့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

မင်းသာအခြေစိုက် စစ်ကောင်စီတပ်များက ၂၀၂၄ ခုနှစ်မေလကစပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူများရဲ့နေအိမ်ကို ဖောက်ထွင်းခိုးယူနေကြပြီး ယခုအခါ ‌ပျဉ်၊ အသားချောင်းတွေကိုပါ ဖျက်ယူနေကြတာဖြစ်ပါတယ်။

မင်းသာကျေးရွာမှာ စစ်ကောင်စီနဲ့နီးစပ်တဲ့ ပြည်သူအချို့သာ နေထိုင်နေကြပြီး ဒေသခံပြည်သူအများစုဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေတာ တစ်နှစ်ကျော်လာနေပြီဖြစ်ပါတယ်။

တမူးမြို့နယ် မင်းသာကျေးရွာနဲ့ ကျွန်းပင်သာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး၊ SNA၊ ကသည်းလက်နက်ကိုင်များနဲ့ NSCN-IM တန်ခူလ်း၊ နာဂ လက်နက်ကိုင်တပ်များ အခိုင်အမာ တပ်ဆွဲထားတာလည်းဖြစ်ပါတယ်။

သတင်း – စနေသာ

ဓာတ်ပုံ – လူမှုကွန်ရက်

#တမူးမြို့#ဘန်ကာ#လူနေအိမ်ဖျက်#စစ်ကောင်ဆီ#Zalen

နောက်ဆုံးရသတင်းများ

မိုဘိုင်းဖုန်း CEIR စနစ်မပါတဲ့ဖုန်းတွေကို တလသာ ယာယီသုံးခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR စီမံကိန်းက ထုတ်ပြန်

မတ် ၅၊ ၂၀၂၆Zalen လာမယ့် ဧပြီ ၁ ရက်မှစပြီး CEIR (ဗဟိုမိုဘိုင်းစက်ပစ္စည်းမှတ်ပုံတင်စနစ်) ခွင့်ပြုစာရင်းမှာ မပါသေးတဲ့ ဖုန်းတွေကို မိုဘိုင်းကွန်ရက်နဲ့ ရက် ၃၀ သာ ယာယီအသုံးပြုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR ...

ဆက်ဖတ်ရန်