တမူးမြို့မှာ ကော်သေနတ်နဲ့ ဓားပြတိုက်လို့ ဆွဲကြိုး တစ်ကုံးနဲ့ နာကပ် တစ်ရံ လုယူခံရ

၁၉၊ ဩဂုတ် ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူး မြို့မ ရပ်ကွက်မှာ ဩဂုတ်လ ၁၄ ရက်နေ့ညက အမည်မသိ လူနှစ်ယောက်မှ ကော်သေနတ်နဲ့ ဓားပြ ဝင်တိုက်ခဲ့ရာ ဆွဲကြိုး တစ်ကုံးနဲ့ နာကပ် တစ်ရံ လုယူ ခံရတယ်လို့ ဒေသခံများက ပြောပါတယ်။

” ဓားပြတိုက်ခံရတာည ၉နာရီလောက်မှာပါ။ ဆွဲကြိုးနဲ့ နားကပ် လုယူ သွားတာ။ နောက်နေ့မှာ သူ တို့နှစ်ယောက်ထဲက တစ်ယောက်ကို ဖမ်းမိမှ သူတို့ ကိုင်ဆောင် ထားတာ ကော်သေနတ်မှန်း သိရတာပါ။ တစ်ယောက်ကတော့ လွတ်မြောက်သွားပြီ” လို့ ၎င်းတို့နဲ့ နီးစပ်သူက Zalen ကိုပြောပါတယ်။

အခုလို ဓားပြတိုက်ခဲ့တဲ့ နှစ်ယောက်ဟာ ပျူစောထီး ခေါင်းဆောင် ပန်းချီချမ်းမြေ့ရဲ့ တပည့် ဖြစ်ပြီး ပျူစောထီးအဖွဲ့ကနေ ထုတ်ပယ်ခံရတာ ကြာပြီလို့သိရပြီး ၎င်းတို့ နှစ်ဦးထဲက တစ်ယောက်ကို ပျူစောထီးအဖွဲ့ကပဲ ဖမ်းဆီးထားတာလို့ ဒေသခံများ ပြောပြချက် အရသိရပါတယ်။

တဘက်မှာ ပျူစေားထီးအဖွဲ့ထဲက ထုတ်ပယ်ခံရတဲ့ ပျူစောထီး နှစ်ဦးက ဓားပြတိုက်တာလို့ နာမည်ထွက်နေပေမယ့် ‌ပျူစောထီး အများစုကတော့ ဒေသခံများရဲ့ နေအိမ်များကို မကြာခဏ ဆိုသလို ညအချိန်မတော် ဝင်ရောက်ဆီးနင်း ဓားပြတိုက် သောင်းကြမ်း လုယူနေကြတာလို့ ဒေသခံများက ပြောပါတယ်

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်