တအာင်းတပ် (TNLA)က မိုးကုတ်၊ မိုးမိတ်မြို့ကနေ တပ်ပြန်ဆုတ်ပေး ပြီး စစ်ကောင်စီတပ် တို့နဲ့ အပစ်ရပ်သဘောတူ

အောက်တိုဘာ ၂၉၊ ၂၀၂၅

Zalen

တအာင်းတပ်(TNLA) နဲ့ စစ်ကောင်စီတပ် တို့ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ ဒီနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ အပစ်ရပ်သဘောတူညီချက်ဟာ ဒီကနေ့ အောက်တိုဘာလ၂၉ ရက်နေ့မှစ၍ အသက်ဝင်ပြီဖြစ်တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၂၇ ရက်၊ ၂၈ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ (၉)ကြိမ်မြောက် ဆွေးနွေးပွဲမှာ အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးတာဖြစ်ပါတယ်။

အဲဒီသဘောတူ လက်မှတ်ရေးထိုးထဲမှာ တအာင်းတပ် (TNLA) ဟာ ၎င်းတို့ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ မိုးမိတ်မြို့ကနေ တပ်ပြန်ဆုတ်ပေးရမှာဖြစ်ပါတယ်။

စစ်ကောင်စီကလည်း TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေ လေကြောင်း ဗုံးကြဲတာ၊ ထိုးစစ်ဆင်တာ မပြုလုပ်ဘဲ ရောက်တဲ့နေရာကနေ အပစ်ရပ် ရမှာဖြစ်ပါတယ်။

အပစ်ရပ်သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း မရှိတဲ့ မကြာသေးမီအချိန်ထိ စစ်ကော်မရှင်တပ် နဲ့ TNLA တို့ဟာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်