တိုက်ပွဲတွေကြောင့် လမ်းပိတ်လို့ ကလေး-တီးတိန် ကားခ ကျပ် နှစ်သိန်း အထိ မြင့်တက်လာ

နို၀င်ဘာ ၁၅၊ ၂၀၂၅

Zalen

ကလေး- တီးတိန်လမ်းမကြီးတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာကြောင့် ချင်း‌တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ တီးတိန်မြို့ကို လမ်းမကြီးတွေအပြင် ကွင်းရှောင်လမ်းတွေပါ နှစ်ပတ်ခန့်အထိ သွားလာမရ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ကလေး- ခိုင်ကမ်း- ပိမ်းပိလမ်းကနေ တီးတိန်မြို့ကို ရွာချင်းလမ်းတွေကတဆင့် ခရီးသည်တင်ယာဉ်တချို့ ပြန်လည်ပြေးဆွဲနေပြီး လူတစ်ဦးကို ကားခ နှစ်သိန်းကျပ် အထိ ပေးနေရတယ်လို့ သိရပါတယ်။

” အခြေအနေတွေက သိပ်မကောင်းသေးဘူး၊ သိုင်းငင်းလမ်းကလဲ သုံးမရသေးတော့ ရွာချင်းဆက်လမ်းတွေပဲ ‌သုံးနေရတယ်၊ ကနေဒီလမ်းခွဲနားက ကနေဒီတောင်ထိပ်ပေါ်မှာက စစ်သားတွေ ရှိနေတော့ တချို့က ကားမထွက်ရဲသေးဘူး။ တချို့တလေပဲ ကားထွက်တာဆိုတော့ ဈေးက တက်တာ၊ အရင်က တစ်ယောက်ကို တစ်သိန်းခွဲပဲ၊ အခုကတော့ နှစ်သိန်း။ ” လို့ တီးတိန်ဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးမြို့ကနေ တီးတိန်မြို့ကို သွားဖို့ ဆိုင်ကယ် ကယ်ရီခ လူတစ်ဦးကို သုံးသိန်းခွဲအထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

အောက်တိုဘာ လကုန်ပိုင်းက စစ်ကောင်စီတပ်ဟာ ကလေးမြို့နဲ့ တီးတိန်မြို့တွေကနေ သိုင်းငင်းရွာဘက်ကို အင်အားသုံး စစ်ကြောင်းထိုးကာ ထိုးစစ်ဆင်လာပြီး ကလေး- သိုင်းငင်း- တီးတိန်လမ်းမကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာပါ။

ချင်းတော်လှန်ရေးတပ်တွေရဲ့ ခုခံတိုက်ပွဲတွေကြောင့် စစ်ကောင်စီ စစ်ကြောင်း အထိနာခဲ့ပေမယ့် ကနေဒီတောင်နဲ့ သိုင်းငင်းရွာကို စစ်ကောင်စီတွေ ထိန်းချုပ်ထားပါတယ်။

‌လက်ရှိမှာ စစ်ကောင်စီတပ်တွေကို ချင်းတော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်မှုတွေဆက်ရှိ‌နေပြီး စစ်ရေးအခြေအနေတင်းမာ‌နေတာကြောင့် ကလေး- သိုင်းငင်း- တီးတိန်လမ်း ကို လုံခြုံရေးအရ သွားလာလို့ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း-Mary

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ ထိန်းသိမ်းခံရတဲ့ ကျောင်းသူနှစ်ဦး တပတ်ကြာထိ ပြန်မလွတ်သေး

ဒီဇင်ဘာ ၈၊ ၂၀၂၅ ။ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကျောင်းသူ ၂ ဦးဟာ တပတ်ကြာထိ ထိန်းသိမ်းခံရပြီး ပြန်မလွတ်ပေးသေးဘဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ အဲဒီကျောင်းသူ ၂ ...

ဆက်ဖတ်ရန်