တိုက်ပွဲသတင်းတွေကြောင့် ချင်းစစ်ဘေးရှောင် ၁၅၀၀ ဝန်းကျင်မီဇိုရမ်ထဲကို ထပ်မံဝင်ရောက်

၂၉၊ဇူလိုင်လ၊၂၀၂၄

Zalen

ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲစမယ် ဆိုတဲ့ သတင်းတွေကြောင့် ယခုရက်ပိုင်း အတွင်း မီဇိုရမ်ပြည်နယ်ထဲကို စစ်ဘေးရှောင် ၁၅၀၀ ဝန်းကျင်ထပ်မံဝင်ရောက်လာ တာကြောင့် မီဇိုရမ်မှာ စစ်ဘေးရှောင် ၃၅၀၀၀ ကျော်နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

ယခုရက်ပိုင်း မီဇိုရမ်ကိုဝင်ရောက်လာတဲ့ စစ်ဘေးရှောင်များဟာ တစ်ခါးတည်းအလုံးအရင်း ဖြင့်ဝင်လာတာ မျိုး မဟုတ်ဘဲ တစ်နေ့တစ်နေ့ကို ပုံမှန်ဝင်ရောက်လာကြတာဖြစ်ပြီး ကျန်ဖိုင်ခရိုင်ထဲကို အများစု ဝင်ရောက် လာကြကာ ကျန်ဖိုင်ခရိုင်ထဲကို အသစ်ဝင်ရောက်လာသူ လူဦးရေ ၁၂၉၃ ဦးရှိတယ်လို့ မီဇိုရမ်အစိုးရ တာဝန်ရှိသူများရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသသတင်းတွေက ဖော်ပြထားပါတယ်။

အလားတူ ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲဖော်ဆောင်တော့မယ် ဆိုတဲ့ သတင်းတွေကြောင့် ဖလမ်းမြို့ပေါ်အပါအဝင် ဖလမ်းနီးနားက ကျေးရွာတွေလည်း စစ်ဘေးရှောင်နေကြတယ် လို့သိရပါတယ်။

ယခုရက်ပိုင်းမှာ ချင်းလဲန်းကောင်စီတပ်ပေါင်းစုက ချင်းပြည်နယ် ဟားခါး နဲ့ ထန်တလန်ကြားရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း တွေထဲက ၆ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေသေးတဲ့ စခန်းနဲ့ ထန်တလန်မြို့ ပြန်လည်သိမ်းပိုက်နိုင်ရေး လုပ်ဆောင်လျက်ရှိတာကြောင့် အနီးအနားက ဒေသခံတစ်ချို့ တွေဟာ တောင်ယာများ၊ ပိုလုံခြုံတဲ့ ကျေးရွာ များ နဲ့ တစ်ချို့က မီဇိုရမ်ဘက်ကို ခဏတာ စစ်ရှောင်တဲ့ သူတွေလည်း ရှိ နေပါတယ်။

ပြီးခဲ့တဲ့ မေလ ဆန်းပိုင်းက မီဇိုရမ်အစိုးရရဲ့ စာရင်းအရ မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှေင် ၃၄၂၈၂ ဦးရှိခဲ့ပြီး ခရိုင် ၁၁ ရှိတဲ့အနက် ခရိုင် ၇ ခုထဲမှာဖြန့်ကျက်နေထိုင်ကြတယ်လို့သိရပါတယ်။ ယခုရက်ပိုင်း မြန်မာ ဘက်ကနေ စစ်ဘေးရှောင် ၁၅၀၀ ဝန်းကျင်ထပ်မံဝင်ရောက်လာတာကြောင့် လက်ရှိ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင်ဦးရေမှာ ၃၅၁၂၅ ဦးရှိတယ်လို့သိရပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

တော်လှန်ရေး ၄ နှစ်ပြည့်အထိန်းအမှတ်အဖြစ် မတူပီမြို့နယ် CDM ကော်မတီမှ အချက် ၃ ချက်ပါသဘောထား ထုတ်ပြန်

၇၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်ကောင်စီက လက်နက်အားကိုးပြီး မတရားသဖြင့် အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ပြည့် အထိန်းအမှတ် အဖြစ် မတူပီမြို့နယ် CDM ကော်မတီက အချက် ၃ ချက်ပါ သဘောထားကို ဒီကနေ့ထုတ်ပြန်ထားပါတယ်။ ...

ဆက်ဖတ်ရန်