တီးတိန်မြို့နယ်တွင် အစိုးရနဲ့ပြည်သူပူးပေါင်းပြီး ရေအားလျှပ်စစ်ပြုလုပ်

တီးတိန်မြို့နယ်တွင် အစိုးရနဲ့ပြည်သူပူးပေါင်းပြီး ရေအားလျှပ်စစ်ပြုလုပ်

တီးတိန်မြို့နယ် ထုတ်လိုင်ရွာ နဲ့ ခေါ်ဆရွာ အနီးတွင် အစိုးရ နဲ့ ဒေသခံတို့ တစ်ဝက်ဆီအကုန်အကျခံကာ ရေအားလျှပ်စစ်ပြုလုပ်နေပါတယ်။

ထုတ်လိုင်ရွာ နဲ့ ခေါ်ဆကျေးရွာတို့အတွက် ၂၀၀၀ ခုနှစ်တွင် NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ADRA ရဲ့ထောက်ပံ့ကူညီမှုနဲ့တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဟာ ၂၀၁၅ ခုနှစ်ရေကြီးမြေပြိုတုန်းကပျက်စီးခဲ့ပါတယ်။

Zalen ad

လက်ရှိတွင် ထုတ်လိုင်ရွာနဲ့ သုံးမိုင်၊ ခေါ်ဆကျေးရွာနဲ့ တစ်မိုင်ဝေးတဲ့ လွယ်ပီးချောင်းမှရေအားလျှပ်စစ်ထုတ်လုပ်နိုင်ဖို့ ဒေသခံတွေကြိုးစားနေကြပါတယ်။

ယင်းရေအားလျှပ်ထုတ်လုပ်နိုင်ဖို့ ကျေးလက်ဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် သိန်း ၂၀၀ ချပေးထားပါတယ်။

ထုတ်လိုင်ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဘဏ္ဍာရေးမှူးနှင့် စီမံခန့်ခွဲသူ ဆရာကြီးလမ်ဇခိုင် (ပညာရေးငြိမ်း)က “မီးအားကတော့ ၃၀ ကီလိုဝပ် ထုတ်လုပ်နိုင်မယ်။ မိုးရာသီမှာတော့ အဆင်ပြေပေမယ့် နွေရာသီမှာတော့ တစ်ရက် ၂ နာရီလောက်ပဲသုံးနိုင်မှာပါ။ နှစ်ရွာလုံးပေါင်း လူ ၁၀၀ လောက်က တစ်ပတ်ကို ၂ ရက်လုပ်အားပေးလာတာ ခုဆို နှစ်လရှိပါပြီ။ ဒီလကုန်ပြီးနိုင်အောင်စီစဉ်ထားတယ်။ အစိုးရထောက်ပံ့ငွေနဲ့ အဓိက စက်တွေဝယ်တယ်။ ပြည်သူဘက်က မီးကြိုးနဲ့ မီးတိုင်တွေဝယ်ရမယ်။ အခုမီးတိုင် (၁၈၀)စိုက်ဖို့တွက် သိန်း ၁၀၀ ကျော်လောက်ကုန်မယ်။ ပြည်တွင်းပြည်ပမှာရှိတဲ့ ထုတ်လိုင်ရွာသားတွေဆီမှာအလှူငွေတောင်းနေတယ်။ ခေါ်ဆရွာလည်း စက်ရုံကနေသူတို့ရွာ မီးရောက်တဲ့ထိ မီးကြိုး၊ ဓာတ်တိုင်တွေ သူ့တို့ဘာသာစီစဉ်ကြမယ်” လို့ပြောပါတယ်။

ထုတ်လိုင်ကျေးရွာတွင် အိမ်ခြေ ၈၅ အိမ်ရှိပြီး ခေါ်ဆကျေးရွာတွင် အိမ်ခြေ ၆၀ လောက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်