တီးတိန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်

နို၀င်ဘာ ၂၅၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဖလမ်း- သိုင်းငင်း လမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ အကြား နို၀င်ဘာ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ တိုက်ပွဲတွေ ဆက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝေဘူလဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ အကြား ဖလမ်းမြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး သိုင်းငင်းကနေ ဖလမ်းဘက်ကို စစ်ကူသွားမယ့် စစ်ကောင်စီတပ်တွေနဲ့ ချင်းတော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတာလို့ သိရပါတယ်။

Zalen ad

” တိုက်ပွဲက ဆက်ဖြစ်နေတာ၊ အသံတွေကြား နေရတယ်။ လေယာဉ်တွေနဲ့ လည်းလာတယ်၊ လက်နက်ကြီးတွေနဲ့ လည်းပစ်နေတယ်။ ” လို့ စစ်ရေးအခြေအနေ သိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

တောင်ယာတွေထဲမှာ စစ်ရှောင်နေတဲ့ တီးတိန်မြို့နယ် ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၃ ရက်ညမှာ သိုင်းငင်းရွာနဲ့ အနီး၀န်းကျင်ကို စစ်ကောင်စီတပ်က Y12 လေယာဉ်၊ ဂျက်ဖိုက်တာ လေယာဉ်‌တွေနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်‌ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းတောင်ဘက်ကို လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ကူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း – Mary

ဓာတ်ပုံ- လူမှုကွန်ရက်

#တီးတိန်#စစ်ကောင်စီ#တော်လှန်ရေးတပ်#တိုက်ပွဲ#Zalen

နောက်ဆုံးရသတင်းများ

ရန်ကုန်မှာ စက်သုံးဆီချွေတာရေး စုံ/မ စနစ် စတင်၊ လမ်းပေါ်မှာ ကားတွေ စစ်ဆေးနေ

မတ် ၇၊ ၂၀၂၆Zalen စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်ပြားကို စုံ/မ ခွဲပြီး မောင်းနှင်ရမယ့် စနစ်ကို မတ်လ ၇ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ လမ်းပေါ်တွေမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်း‌ရဲတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တွေက ကားတွေကို ...

ဆက်ဖတ်ရန်