ထရမ့်ရဲ့ HIV နဲ့ တီဘီဆေး အထောက်အပံ့ ရပ်ဆိုင်းမှုကြောင့် မြန်မာက HIV နဲ့ တီဘီရောဂါရှိသူတွေ ခက်ခဲလာနိုင်

၂၉၊ ဇန်နဝါရီ၊ ၂၀၂၅

Zalen

သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကို HIV, တီဘီနဲ့ ငှက်ဖျားဆေး ထောက်ပံ့ပေးဝေမှုကို ရပ်ဆိုင်းထားဖို့ အမိန့်ပေးထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံတကာအကူအညီပေးရေးစီမံကိန်းတွေအတွက်ထောက်ပံ့မှုကို ရက် ၉၀ ဆိုင်းငံ့ထားတာပြီးတဲ့နောက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နဲ့ လူမှုကူညီရေး အရပ်ဖက်အဖွဲ့အစည်းတွေဟာ ဇန်နဝါရီ ၂၈ ရက်နေ့ကစပြီး ဆေးဝါးပေးဝေထောက်ပံ့မှု လုပ်ငန်းစဉ်တွေကို ရပ်တန့်ဖို့ အစိုးရရဲ့ ညွှန်ကြားစာကို ရရှိခဲ့တယ်လို့ ရိုက်တာသတင်းက ပြောပါတယ်။

မြန်မာမှာ HIV ပိုး ကူးစက်ခံထားရသူ ၂ သိန်း ၇ သောင်းကျော်ရှိပြီး ဒီထဲက နှစ်သိန်းနီးပါး ဟာ HIV ပိုးကူးစက်ခံထားရသူတွေ သောက်သုံးရတဲ့ အေအာတီ (ART) ဆေးဝါးကို ကျန်းမာရေးဝန်ကြီးဌာနအောက်က အေအာတီဆေးကုသဌာနတွေကနေ ရယူပြီး ကုသမှုခံယူနေကြတာ ဖြစ်ပါတယ်။

မြန်မာမှာ HIV(အိတ်ချ်အိုင်ဗီ)ရောဂါပိုးကူးစက်ခံရသူတွေအတွက် ဆေးဝါးအခမဲ့ဖြန့်ဖြူးနေတဲ့ အမျိုးသားခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်ကို ကူညီထောက်ပံ့နေတဲ့ အမေရိကန်ရဲ့နိုင်ငံတကာဖွံ့ဖြိုး‌ရေးရန်ပုံငွေလည်း ရပ်တန့်သွားပြီ ဖြစ်ပါတယ်။

HIV ဆေးသောက်နေရသူတွေနဲ့ တီဘီရောဂါခံစားနေရတဲ့ မြန်မာတွေဟာ ဆေးဝါးပြတ်လပ်မှာကို စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

“ လက်ကျန် ရှိသလောက်တော့ ကျွန်တော်တို့က ထုတ်ပေးနေဦးမှာပဲ။ ကုန်သွားရင်တော့ မသိဘူးပေါ့၊ ရက် ၉၀ အတွင်း ပြန်ပြီး လည်ပတ်နိုင်ဖို့ပဲ မျှော်လင့်ရတယ်။ ဒါမှမဟုတ်ရင် ရောဂါသည်တွေအတွက် အေအာတီဆေးက ပြတ်လပ်သွားမယ့် အနေအထားမှာ ရှိနိုင်တယ်။ ” လို့ HIV ပိုးကူးစက်ခံရသူတွေကို ဆေးဝါးဖြန့်ဝေနေတဲ့ ဆေးခန်းတစ်ခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

USAID ရဲ့ ရန်ပုံငွေရပ်တန့်မှုမှာ မွေးကင်းစ ကလေးငယ်တွေအတွက် ဆေးဝါးထောက်ပံ့မှုများလည်းအကျုံးဝင်တယ်လို့လည်း ဆိုထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ရန်ကုန်မှာ လေထုညစ်ညမ်းမှု ကမ္ဘာ့ အဆင့် ၂ ရောက်လာတာကြောင့် ကျန်းမာရေးအထူးသတိပြုဖို့ ကျွမ်းကျင်သူတွေ တိုက်တွန်း

================== ၃၊ ဖေဖော်ဝါရီ၊ ၂၀၂၅ Zalen ကမ္ဘာ့လေထုညစ်ညမ်းမှုအများဆုံးမြို့စာရင်းမှာ ရန်ကုန်မြို့ဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ ဒီနေ့ မနက် ၈ နာရီခွဲအချိန်တိုင်းတာ ချက်အရ အဆင့် (၂) အထိရောက်ရှိခဲ့ပြီး နေ့လယ်ပိုင်းမှာ အဆင့် ...

ဆက်ဖတ်ရန်