ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့အကြိုအဖြစ် Proof of Life လှုပ်ရှားမှုမှာ ဒေါက်တာဆာဆာ ပါဝင်

ဇွန် ၁၃၊ ၂၀၂၆
Zalen

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေါက်တာဆာဆာက Proof of Life ကမ်ပိန်းမှာ ပါဝင်ကြောင်း သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှတဆင့် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဆိုပါ လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းအဖြစ် ဒေါက်တာဆာဆာက ခြေလှမ်း ၈၁,၀၀၀ လျှောက်လှမ်းခြင်း၊ ၈၁ ကီလိုမီတာ ပြေးခြင်းနဲ့ ဘုရားသခင်ထံ ၈၁ ကြိမ် ဆုတောင်းခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Zalen ad

ဓီသန္နိဋ္ဌာန်ပြုလုပ်ဆောင်ချက်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် ရည်ရွယ်တယ်လို့ ၎င်းက ဆိုပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက မိခင်ဖြစ်သူရဲ့ သက်ရှိထင်ရှားရှိမှုကို သက်သေပြရန်အတွက် “Proof of Life” ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်းကို စတင်ထားခြင်းဖြစ်ပါတယ်။

ဒေါက်တာဆာဆာက ပြည်သူများအနေဖြင့်လည်း ခြေလှမ်း ၈၁,၀၀၀ လမ်းလျှောက်ခြင်း၊ ၈၁ ကီလိုမီတာ ပြေးတာ သို့မဟုတ် မိမိတို့ အဆင်ပြေရာ အဓိပ္ပာယ်ရှိသော နည်းလမ်းတွေနဲ့ အခုလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ထိုသို့ လှုပ်ရှားမှုတွေ ပြုလုပ်တာဟာ ကမ္ဘာကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ တရားမျှတမှုအတွက် ရုန်းကန်နေကြသော သန်းနှင့်ချီသည့် မြန်မာပြည်သူတွေကို မေ့လျော့မသွားကြောင်း ပြသတဲ့ လေးနက်သော သတင်းစကားဖြစ်တယ်လို့ ဒေါက်တာ ဆာဆာကပြောဆိုပါတယ်။

ဒါ့အပြင် လာမယ့် ဇွန် ၁၉ ရက်နေ့မှာ ပြည်သူများအားလုံး တစ်သားတည်း ရပ်တည်ကြရန်နဲ့ အသံထုတ်ဖော်ခွင့် ပိတ်ဆို့ခံထားရသူများအတွက် အသံတိုးမြှင့် တောင်းဆိုပေးကြဖို့ကိုလည်း ၎င်းက တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်