ဖလမ်းမြို့တွင် အကြမ်းဖက်စစ်တပ်က အစွန်းရောက်ဆန္ဒပြသူအလို့သုံးနှုန်းပြီး ပြည်သူတွေဆန္ဒပြပွဲတွင်မပါဝင်ရန် စာတွေလိုက်ကပ်

ဖလမ်းမြို့ လယ်ခေါင်ဖြစ်တဲ့ လမ်းဆုံနဲ့ ကျင်မွှာလ်ရပ်ကွက်တွင် မနေ့ညက အကြမ်းဖက်အာဏာလု စစ်တပ်က ပြည်သူတွေ ဆန္ဒပြပွဲတွင်မပါရန် နဲ့ လမ်းမပိတ်ဖို့ သတိပေးတဲ့စာ လိုက်ကပ်နေတယ်လို့ သတင်းရရှိပါတယ်။

ယင်းစာထဲတွင် အစွန်းရောက်ဆန္ဒပြသူအချို့သည် အမတ်လ (၂၂)ရက်နေ့မှ မတ်လကုန်အတွင်း ဆူပူဆန္ဒပြမှုများဖြစ်ပေါ်စေရန် လှုံ့ဆော်လျက်ရှိပြီး လက်နက်များ၊ ဓာတ်ဆီပုလင်းများကိုအသုံးပြု၍ ဆန္ဒပြသူပြည်သူလူထုကို ထိခိုက်ဒဏ်ရာရရှိရန်နှင့် မီးလောင်မှုဖြစ်ပွားရန် ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ၎င်းကာလအတွင်း ဆန္ဒပြမှုများတွင် လုံးဝပါဝင်ခြင်းမပြုရန်၊ မီးဘေးအန္တရာယ်အတွက် လမ်းပိတ်ဆို့ခြင်းများ မပြုလုပ်ကြပါရန် အထူးသတိပေး အကြေညာအပ်ပါသည်လို့ဖော်ပြထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်