ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆
Zalen

ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ဇွန် ၅ ရက်နေ့က ဗာတီကန်စီးတီးမှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ဆုံတွေ့ပွဲမှာ ကလေးသာသနာပြုနယ်ကို ထိန်းကျောင်းစောင့်ရှောက်နေတဲ့ ဆရာတော်ကြီး ဖိလစ် လျန်ခန်ထန်း (Bishop Felix Lian Khen Thang) နဲ့ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (CBCM) မှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘုန်းတော်ကြီး ဒိုမနစ် သန်းဆွမ်လန်း (Rev. Fr. Dominic Thang Suan Lang) တို့ ပါဝင်တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲအတွင်းမှာ ရဟန်းမင်းကြီးက မြန်မာနိုင်ငံကနေ လာရောက်ကြတဲ့ သာသနာပြုအဖွဲ့ဝင်တွေနဲ့ တစ်ဦးချင်း လက်ဆွဲနှုတ်ဆက်ပြီး ရင်းရင်းနှီးနှီး စကားပြောဆိုခဲ့သလို၊ အမှတ်တရ မေတ္တာလက်ဆောင်တွေကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

Zalen ad

အခုခရီးစဉ်ဟာ ကမ္ဘာတစ်ဝန်းက ကက်သလစ်ဆရာတော်ကြီးတွေ ဗာတီကန်ကို သွားရောက်ပြီး ရဟန်းမင်းကြီးထံ မိမိတို့ သာသနာ့နယ်မြေအခြေအနေတွေကို တင်ပြဆွေးနွေးတဲ့ (Ad Limina) ခရီးစဉ် ဖြစ်ပါတယ်။

ကလေးသာသနာပြုနယ်က ဆရာတော်ကြီးနဲ့ ဘုန်းတော်ကြီးတို့ ယခုလို ရဟန်းမင်းကြီးနဲ့ ဆုံတွေ့ခွင့်ရရှိခဲ့တဲ့အတွက် ဒေသခံဘာသာတူတွေအကြားမှာ ဝမ်းမြောက်ဂုဏ်ယူနေကြပြီး၊ ရဟန်းမင်းကြီးဆီကနေ ရရှိလာတဲ့ ကောင်းချီးမင်္ဂလာတွေဟာ သာသနာ့နယ်မြေတစ်ခုလုံးအတွက် ဝိညာဉ်ရေးရာခွန်အားတွေ တိုးပွားစေမယ်လို့ ဒေသခံဘာသာတူတွေက မျှော်လင့်နေကြပါတယ်။

Radio Veritas Asia (RVA) ရဲ့ ဇိုမီးချင်းဘာသာစကား သတင်းဌာနကလည်း ဆရာတော်ကြီးတို့ရဲ့ ခရီးစဉ်တစ်လျှောက်လုံး ဘေးအန္တရာယ်ကင်းရှင်းပြီး လမ်းပြမစမှုတွေ ရရှိနိုင်ဖို့အတွက် ဘာသာတူတွေအနေနဲ့ ဝိုင်းဝန်းဆုတောင်းပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

Mary

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်