မင်းတပ်မြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဂျက်ဖိုက်တာ ၉ စီး ၊ Y-12 နှစ်စီး နဲ့ဗုံးကြဲ

၂၁ ၊ဇွန် ၊၂၀၂၆
Zalen

ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်မြို့အရှေ့ခြမ်း နေရာတွေကို စစ်ကောင်စီတပ်က တရက်တွင်း ဂျက်ဖိုက်တာ ၉ စီး ၊ Y-12 နှစ်စီး နဲ့ ဗုံးလာကြဲတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ တံတားဦး ၊ ရှမ်းတဲ ၊ ‌အေလာ ၊မကွေး ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၊ Y-12 တွေနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။

” ညလည်း ကောင်းကောင်းမအိပ်ရဘူး။ နေ့ခင်း၊ မနက်တွေလည်းတောက် လျှောက်ပဲလာတယ်။နိမ့်နိမ့်လေးတွေ ပျံတာဆိုတော့ အသံကြားရင်လည်း ကြောက်ရတယ်” လို့ ဒေသခံတဦးက Zalen ကိုပြောပါတယ်။

Zalen ad

အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်၊ပျက်စီးတာတွေရှိနိုင်ပေမယ့် အသေးစိတ်ကိုတော့ မသိရှိရဘူးလို့ ရှင်းပြပါတယ်။

ဒါ့အပြင် ဂျက်ဖိုက်တာ ၉ စီးနဲ့ ၁၈ ကြိမ်၊ ဗုံးသီး ၃၆ လုံး ကြဲ ချခဲ့ပြီး ၊ Y-12 နှစ်စီး နဲ့လည်း အတွဲလိုက် ဗုံးသီး ၄၅ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – မိုးပီအောင်

နောက်ဆုံးရသတင်းများ

ခမ်းပါတ်-ရာဇဂြိုဟ် လမ်းမှာကင်းချထားတဲ့ စစ်တပ်ကလမ်းခရီးသွားပြည်သူများကိုငွေညှစ်တာ ခြိမ်းခြောက်တာမျိုးလုပ်ဆောင်နေ

ဇူလိုင်  ၁၀၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေး-တမူး လမ်းရှိ ခမ်းပါတ်မြို့နဲ့ ရာဇဂြိုဟ် မြို့ကြားမှာကင်းချထားတဲ့ စစ်ကောင်စီတပ်များက ခရီးသွားပြည်သူများကို ငွေညှစ်တာ၊ ခြိမ်းခြောက်တာမျိုးပြုလုပ်နေတယ်လို့ ဒေသခံများထံက သိရပါတယ်။ ပြီးခဲ့တဲ့လက ကလေး-တမူးလမ်းမပေါ်ရှိ ခမ်းပါတ်မြို့နဲ့ ရာဇဂြိုဟ်မြို့ကို ...

ဆက်ဖတ်ရန်