၁၀ ၊ ဩဂုတ် ၊၂၀၂၄
Zalen
ချင်းပြည်နယ်၊မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ရက်မှ ဇူလိုင်လ ၉ ရက်နေ့အထိ ခြောက်လအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၈၆ ကြိမ်အထိ ရှိခဲ့တယ်လို့ CDF (မင်းတပ်) ၏ ပြန်ကြား ရေးနှင့်မှတ်တမ်းဌာနက ဩဂုတ်လ ၉ရက်နေ့ကထုတ်ပြန် ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်လအတွင်း ကာကွယ်ရေးတပ်ဖွဲ့ ၃ ဦး ကျဆုံး၊နှစ်ဦးဒဏ်ရာရအပါအ၀င်၊ အရပ်သားပြည်သူ ၁၄ဦးသေဆုံးပြီး ၅၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သလိုလူေနအိမ် ၅၃လုံး၊ခရစ္စယာန်ဘုရား ကျောင်း တစ် လုံး၊စာသင်ကျောင်း တစ်လုံး၊တိုက်နယ် ဆေးရုံ တစ် လုံး ပျက်စီးခဲ့တယ်လို့သိရပါတယ်။
မြို့သိမ်းတိုက်ပွဲများ အတွင်း ချင်းကာကွယ်ရေးတပ် ဖွဲ့ (မင်းတပ်) မှ ကာကွယ်ရေး ရဲဘော် ၁၂ ဦးအထိအသက်ပေးကျဆုံးခဲ့ရပြီး အဲဒီ ၁၂ ဦးအနက် ၃ ဦးက တော့ ငှက်ဖျားရောဂါကြောင့်သေဆုံးတာဖြစ်ပြီး နောက် ထပ်တစ်ဦးကတော့ ချင်းကာကွယ်ရေးတပ် ဦး (CNA)၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ချင်းညီနောင် အဖွဲ့၀င်ဖြစ်တဲ့ CDF (မင်းတပ်) ဟာ ၂၀၂၄ခုနှစ်၊ဧပြီလ ၂၉ ရက်နေ့တွင် ကျင်းဒွေး၊ ဇွန်လ ၂၉ ရက်နေ့မှာ မတူပီ စတဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ မဟာမိတ်များနဲ့အတူတိုက်ပွဲဖော်ဆောင်ခဲ့တယ်လို့သိရပါတယ်။
မင်းတပ်မြို့နယ်အတွင်း အာဏာသိမ်းပြီး နောက်ပိုင်းနှစ်နှစ်အတွင်း၂၀၂၂ ခုနှစ်၊ဇူလိုင်မှ ၂၀၂၄ခုနှစ် ဇူလိုင် လအထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက် ခိုက် မှု ၉၈ ကြိမ်အထိရှိခဲ့တယ်လို့သိရတယ်။ အဲဒီ တိုက် ခိုက်မှုကြောင့် ဒေသခံ ၂၂ ဉီးသေ၊၇၄ ဦး ဒဏ်ရာရ၊ဆေးရုံ ၁ခု၊ခရစ္စယာန်ဘုရားကျောင်း ၄ခု၊ဘုန်းတော်ကြီးကျောင်း ၂ခု၊စာသင်ကျောင်း ၇ခု၊ဒေသခံလူနေအိမ်အဆောက်အဦး ၁၃၇ ခု မီးလောင် ၊ပျက်စီး မှုရှိခဲ့တယ်လို့CHRO ၏ ဩဂုတ်လ ၇ ရက်နေ့က ထုတ်ပြန်ချက်ထားပါတယ်။
မိုးပီအောင်