မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်တွေပျက်စီး

၁၀ ၊ဩဂုတ် ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် -၁ ရှိ လွယ်ပန်း ကျေးရွာကို ဒီကနေ့ ဩဂုတ်လ ၁၀ ရက်နေ့ ၊နေ့လည် ၁၂နာရီ ၁၀ မိနစ်အချိန် ခန့် တွင် စစ်ကောင် စီက ပေါင် ၅၀၀ အားရှိ တဲ့ ဗုံးသီး နှစ်လုံးဖြင့် လေ ကြောင်း တိုက် ခိုက် မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် လွယ်ပန်းကျေးရွာရှိ စာသင်ဆောင်၊ဘော်ဒါ၊ဘုန်ူတော်ကြီးကျောင်း၊လူနေအိမ် ဆန်စက် ၊ရေပိုက်လိုင်းများပျက်စီးမှုရှိ‌တယ်လို့သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ လွယ်ပန်းကျေးရွာအုပ်ချုပ်‌ ရေးအဖွဲ့၀င်တစ်ဦးက”ဘာပွဲမှ ပြုလုပ်တာမရှိပါဘူး၊အကြောင်းမဲ့လာပစ်တာဗျ၊လူတော့မထိပေမဲ့ ဘုန်းကြီးကျောင်းတစ် လုံး၊ ဘုန်းကြီးကျောင်း မီးဖိုဆောင် တစ်လုံး၊စာသင် ကျောင်း တစ်လုံး၊ ဘောဒါဆောင် နှစ်လုံး၊လူနေအိမ် နှစ်လုံး၊ ဆန်စက်တစ်လုံးနှင့်ကျေးရွာအတွင် သောက် သုံးရေ ရရှိဖို့သွယ်ထားတဲ့ ရေပိုက် လိုင်း လေးခု ပျက်စီးခဲ့တယ်”လို့ Zalen ကိုပြောပါတယ်။

ဒီမနက်တွင် စစ်ကောင်စီကထောက်ပို့လေယာဉ်ဖြင့် မင်းတပ်မြို့က စစ်ကောင်စီများကို လေထီးဖြင့်အထုပ်တွေ ချပေးတယ်လို့လည်းသိရတယ်။

မင်းတပ်မြို့နယ်တွင်၂၀၂၄ခုနှစ်၊ ခြောက်လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၈၆ ကြီမ်အထိရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကာ ကွယ်ရေးတပ်ဖွဲ့ ၃ ဦး‌ ကျဆုံး၊နှစ်ဦးဒဏ်ရာရအပါအ၀င်၊ အရပ်သားပြည်သူ ၁၄ဦးသေဆုံးပြီး ၅၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သလိုလူ‌ေနအိမ် ၅၃လုံး၊ခရစ္စယာန်ဘုရား‌ ကျောင်း တစ် လုံး၊စာသင်ကျောင်း တစ်လုံး၊‌တိုက်နယ် ဆေးရုံ တစ် လုံး ပျက်စီးခဲ့တယ်လို့ CDF -Mindat က သတင်းထုတ်ပြန်ထားပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

တီးတိန်မြို့အတွက် မတူပီမြို့က ပေးတဲ့ သင်ခန်းစာ 

Taawl ရေးသည်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်ဟာ လူမျိုးနွယ်စုအများဆုံး၊ ဘာသာစကားအများဆုံးနှင့် မတူညီတဲ့ ယဉ်ကျေးဓလေ့ထုံးတမ်း အများဆုံး ရှိသော မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီလို မျိုးနွယ်စုများစွာ၊ မတူညီတဲ့ ဘာသာစကားများစွာရှိခြင်းဟာ အပြန်အလှန် အသိအမှတ်ပြုမှုများ ရှိပါက ခွန်အားတစ်ခု ဖြစ်လာနိုင်ပေမဲ့ ...

ဆက်ဖတ်ရန်