မင်းတပ်မြို့နယ်တွင် တိုက်ပွဲမရှိဘဲစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ပြီး ရိက္ခာဖြည့် တင်းမှုများပြုလုပ်

၃၁ ၊ဩဂုတ် ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်၊တိုက်နယ်အမှတ် ၂ ၊မရှိန်းလှော်ကျေးရွာကို ဒီကနေ့ ဩဂုတ်လ ၃၁ ရက်မနက် ၃ နာရီ ၀န်းကျင်မှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့်လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြု လုပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် မရှိန်းလှော် ကျေးရွာရှိ လူနေအိမ်ပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့သိရပြီးလူတွေကတော့ဘေးလွတ်ရာကိုရှောင်တိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ဒေသခံတစ်ဦးက” နှစ်လုံးချတယ်။ တစ်လုံးကတော့ရွာထဲတော့မ ဟုတ်ဘူး။ ရွာစွန်ဖက်ကျတယ်။ အိမ် ၃လုံးလောက်ထိသွားတယ်။ နောက်တစ်လုံးကဘယ်နားကျလည်းသေချာမသိရသေးဘူး။ အခုလည်းကင်း ထောက်တွေတောက်လျှောက်လာနေတယ်။ သတိတော့ထားရမယ်” လို့ Zalen ကိုပြောပါတယ်။

မင်းတပ်မြို့နယ်မှာ ဩဂုတ်လ အတွင်း စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၃၀ ထက်မနည်း ပြုလုပ်ခဲ့တယ်။ ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့ကလည်းမင်းတပ်မြို့နယ်၊တိုက်နယ်အတွင်း လေ ကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှုအတိကျ စုံစမ်းသိရှိုနိင်ခြင်းမရှိသေးပါ။

ဆက်လက်ပြီး ဒီကနေ့ မနက် ၉ နာရီ ၀န်းကျင်အချိန်ကစပြီး  ၁၀ နာရီ ၀န်းကျင်အထိ Y-12 လေယာဉ်ဖြင့်

မင်းတပ် ခလရ ၂၇၄ တပ်ရင်းထဲ ရှိစစ်ကောင်စီတပ်ဖွဲ့၀င်များအတွက်ရိက္ခာများကိုလေထီးနဲ့  ပစ်ချပေးနေတယ်လို့သိရပါတယ်။

အဲဒါနဲ့ပတ်သက်လို့ဒေသခံတစ်ဦးက “ဟိုတနေ့ကလည်းလာချတယ်။ ဒီနေ့လည်းလာပစ်ချပြန်တယ်။ ဟိုနေ့ကတော့ဘာတွေချပေးလည်းမသိဘူး။ ဒီနေ့တော့ လကုန်ပီဆိုတော့ လစာတွေ၊ သူတို့ လစာနှုန်းနဲ့ကိုက်ညီတဲ့ မုန့်၊ဆေးလိပ်၊အရက်၊ဘီယာစတာတွေပို့ပေးမယ်ထင်တယ်”လို့ Zalenကိုဆက်ပြောပါတယ်။

မင်းတပ် ခလရ ၂၇၄ တပ်ရင်းထဲကို  ဩဂုတ်လ ၂၈ ရက်နေ့ကလည်း Y-12 လေယာဉ်အမျိုးအစားဖြင့် စစ်ကောင်စီက ရိက္ခများလာရောက် ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်