မင်းတပ် နဲ့ ကန်ပက်လက်ကို ဂျက်ဖိုက်တာ ၊ Y-12 တွေနဲ့ လှည့်ပတ်ပြီး ဗုံးကြဲ

ဇွန် ၂၄ ၊၂၀၂၆
Zalen

ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ် ၊ ကန်ပက်လက် မြို့တွေကို စစ်ကောင်စီတပ်က ဗုံးကြဲလေယာဉ်တွေနဲ့ လှည့်ပတ်ပြီး ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ် ၊ကန်ပက်လက် ဒေသတွေမှာ အကြမ်းဖက်စစ်တပ်က ဒရုန်း ၊ Y-12 ၊ ဂျက်ဖိုက်တာ တွေအသုံးပြုပြီး နေ့တိုင်း လှည့်ပတ်ဗုံးကြဲနေတာလို့ ဆိုပါတယ်။

” ဒရုန်းနဲ့လည်းပစ်တာတွေကြားရတယ်။ Y-12 ဆိုရင် မင်းတပ်ကြဲပြီးရင် ကန်ပက်လက်ကို သွားကြဲလိုက်။ ကန်ပက်လက်ကို ကြဲပြီးမှ မင်းတပ်ကို ၀င်ကြဲလိုက်။ပြီးရင်ပြန်ဆင်းလိုက်။ပြန်တက်လိုက်နဲ့ တောက်လျှောက်ပဲ။ ဂျက်ဖိုက်တာတွေလည်း လေတပ်တစ်ခုကို မြို့တစ်မြို့စီတာ၀န်ယူကြသလားမသိ” လို့ ဒေသခံအမျိုးသားတဦးက Zalen ကို ပြောပါတယ်။

Zalen ad

မနေ့က ဇွန်လ ၂၃ ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီ ထောက်ပို့ ၊ဗုံးကြဲ Y-12 လေယာဉ်နဲ့ မင်းတပ် ၊ ကန်ပက်လက်ကို ဗုံးလာကြဲခဲ့ပြီး ညနေပိုင်းမှာလည်း ထပ်မံ လာရောက်ဗုံးကြဲတိုက်ခိုက်ပြန်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အေလာကတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးကလည်း မင်းတပ်မြို့ကို ၄ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး တံတားဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာ နှစ်စီးက ကန်ပက်လက်မြို့ကို ၄ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက် ည ၁၁ နာရီ၀န်းကျင်မှာလည်း တံတားဦးလေတပ်ကတက်လာတဲ့ဂျက်ဖိုက်တာနဲ့ ကန်ပက်လက်ကို ၁ ကြိမ် ဗုံးကြဲခဲ့သလို မင်းတပ်ကိုလည်း ၁ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ ဇွန်လ ၂၄ ရက်မနက် ၇ နာရီ၀န်းကျင်မှာလည်း ကန်ပက်လက် ကိုလေကြောင်း တိုက်ခိုက်ခဲ့တဲ့ စစ်ထောက်ပို့ ၊ တိုက်ခိုက်ရေး Y-12 တစီးကမင်းတပ်ကို ထပ်မံလေကြောင်း တိုက်ခိုက်ခဲ့ပြီး တံတားဦး လေတပ်ကိုပြန်ဆင်းတက်ခဲ့ပါတယ်။

သတင်း – မိုးပီအောင်

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်