မတူပီကထွက်ပြေးတဲ့စစ်ကောင်စီဗျူဟာမှူးအပါအဝင် စစ်သုံ့ပန်း ၂၀၀ကျော်ဖမ်းဆီးရမိဟုဆို

ဇူလိုင်၊၂၈၊၂၀၂၄။

Zalen

ချင်းပြည်နယ်၊ မတူပီမြို့ စစ်ကောင်စီဗျူဟာမှူးအခြေချရာစခန်းကို ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့များက ဇွန်လ ၂၉ ရက်တွင်အပြီးသိမ်းပိုက်ပြီး ထွက်ပြေးသွားတဲ့တပ်သားတွေကို တစ်လနီးပါးအကြာမှာ ပြန်လည်ဖမ်းမိတယ်လို့ ချင်းညီနောင်က ကနေ့ထုတ်ချက်ထဲမှာဖော်ြပပါတယ်။

၎င်းတို့ထုတ်ပြန်ချက်ထဲတွင် စခန်းကိုစွန့်ခွာထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားများ၊ တပ်မိသားစုဝင်များနဲ့ အရပ်ဖက်ဝန်ထမ်းများ စုစုပေါင်း ၁၂၀ ဝန်းကျင်ကို ဇူလိုင်လ ၁၇ ရက်တွင် ချင်းညီနောင်နဲ့ မဟာမိတ်တပ်က လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနဲ့အတူ ပထမအသုတ်လက်ရဖမ်းမိခဲ့ပါတယ်။

ယင်းနောက် ဇူလိုင် ၂၅ ရက်တွင်လည်း ထွက်ပြေးလွတ်မြောက်နေတဲ့ လက်ကျန် တပ်မိသားစုများပါဝင်တဲ့ စစ်ကြောင်းနဲ့ ၂ နာရီကြာတိုက်ပွဲဖြစ်ပွားပြီးနောက် ဒုတိယအသုတ်ထပ်မံဖမ်းဆီးရမိခဲ့တယ်။ အခြားထွက်ပြေးလွတ်မြောက်နေသူတွေကိုလည်း ဆက်လက်ရှင်းလင်းလျက်ရှိပါတယ်လို့ဖော်ြပထားပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို အကောင်းဆုံးဆေးဝါးကုသပြီး ကျွေးမွေးထားပေမယ့် လမ်းမှာ ဒဏ်ရာကြောင့်သေဆုံးသူတွေလည်းရှိကြောင်းဖော်ြပထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး CDF-Matupi တပ်မဟာ (၁)က တာဝန်ရှိသူတစ်ဉီးက “ အရှင်ဖမ်းမိတာ ၂၀၀ကျော်တယ်။ ပစ်ခတ်မှုအတွင်းသေဆုံးတာလည်းရာကျော်ရှိတယ်။ သူတို့ထွက်ပြေးတုန်း တောထဲမှာငတ်ပြတ်လို့သေဆုံးတာ လသားကလေးအပါအဝင် ၅၀ကျော်ရှိတယ်တဲ့။ စစ်သုံ့ပန်းထဲမှာ ဗျူဟာမှူးလည်းပါတယ်။ နောက်ပိုင်းမှာပဲ နာမည်နဲ့တကွအသေးစိတ်ထပ်ထုတ်ပြန်ပါမယ်။ သိမ်းဆည်းတဲ့လက်နက်က ၁၃၀ ကျော်တယ်။ လွတ်မြောက်တဲ့လူရှိရင်တောင် တောထဲမှာငတ်ပြတ်သေဖို့ပဲရှိတယ်။ အသက်ရှင်တဲ့ စစ်ကောင်စီတွေကို အတတ်နိုင်ဆုံး စောင့်ရှောက်ထားတယ်”လို့ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို မတူပီကနေ မိုင် ၃၀အကွာ မင်းတပ်မြို့နယ်အစပ်မှာ ဖမ်းမိတာလို့လည်းသိရတယ်။

သတင်း-EP

နောက်ဆုံးရသတင်းများ

တလန်ဇာန်ကျေးရွာ လေကြောင်း တိုက်ခိုက်မှုဟာ တော်လှန်ရေးသမားများလုပ်ခဲ့တာဆိုတဲ့ သတင်းအမှား

Zalen မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ အဆောက်အအုံတွေ ပျက်စီးတာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးဖြင့်ပစ်ခတ်တာလို့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိလျက်ရှိဆိုတဲ့ သတင်းကို ...

ဆက်ဖတ်ရန်