မလေးရှားမှာ မြန်မာနိုင်ငံသား ၂၉ ဦး လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရ

Zalen

သြဂုတ်လ ၂၄၊ ၂၀၂၄

မလေးရှားနိုင်ငံ၊ Klang Valley မြို့ရှိ အဆောက်အဦး ၄ ခုကို Bukit Aman ရဲ့ မှုခင်းစုံစမ်းစစ်ဆေးရေးဌာန (CID) မှ လူကုန်ကူးမှု နဲ့ ပတ်သက်ပြီး ဝင်ရောက်စီးနင်းရာ မြန်မာနိုင်ငံသား ၂၉ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ဩဂုတ်လ ၂၂ရက်နေ့က စစ်ဆေးမူ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာ အမျိုးသား ၂၂ ယောက်၊ အမျိုးသမီး ၂ယောက်နဲ့ မလေးရှားနိုင်ငံကို မှောင်ခို လူတင်သွင်းပေးကြတဲ့ ပွဲစား ၅ဦးတို့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

“အဖမ်းခံရတာက မြန်မာတွေချည်းဘဲ။ မလေးရှားကို အလုပ်လုပ်ဖို့ တရားမဝင် တင်သွင်းတာဖြစ်လို့ ဝင်ရောက်ဖမ်းဆီးတာဖြစ်ပါတယ်။ အခုဘယ်လိုဆောင်ရွက်ကြမလဲ မသိသေးဘူး။ ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။”လို့ ဖြစ်စဥ်ကိုသိတဲ့ မြန်မာအမျိုးသားတစ်ဦးက ဆိုပါတယ်။

အဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးကျွန်းဆွယ်၊ အရှေ့ဘက် ကမ်းရိုးတန်းမှ ခိုးဝင်လာရန်အတွက် မြန်မာပွဲစားတွေကို မလေးရင်းဂစ် ၂၀၀၀ ကနေ ၃၀၀၀ အကြားပေးဆောင်ရတယ်လို့ သိရပါတယ်။

မြန်မာပွဲစားတွေနဲ့ မှောင်ခိုကူးခံရတဲ့သူတွေကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မဖြစ် စစ်ဆေးအရေးယူဖို့ Kajang, Cheras ရဲစခန်းမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သတင်း – ကိုခူမီး

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်