မီဇိုရမ်မှာ အာဖရိကဝက်တုပ်ကွေးရောဂါကြောင့်ဒီနှစ်အတွင်း ဝက်အကောင်ရေ တစ်သောင်းကျော် သေဆုံးပြီ

၁၉၊ ဩဂုတ်၊၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ အာဖရိက ဝက်တုပ်ကွေးရောဂါ (African Swine Fever ) ကြောင့်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ယခုနှစ် ၂၀၂၄ အတွင်း ဝက်အကောင်ရေ တစ်သောင်းကျော်သေဆုံးပြီဖြစ်ကြောင်း မီဇိုရမ်ဒေသတွင်းတသင်းတွေမှာ ဒီကနေ့ ဩဂုတ်လ ၁၉ ရက်မှာဖော်ပြထားပါတယ်။

အဆိုပါ အာဖရိက ဝက်တုပ်ကွေး (ASF)ဟာ မီဇိုရမ်ပြည်နယ်အတွင်းက ရပ်ကွက်နဲ့ ကျေးရွာ ၂၀၀ ကျော်မှာ ဖြစ်ပွားနေပြီး  တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန ( Animal Husbandry & Veterinary Department) ရဲ့စာရင်းအရ မနေ့ဩဂုတ်လ ၁၈ ရက်နေ့မှာတင် အာဖရိက ဝက်တုပ်ကွေး ကြောင့် မီဇိုရမ်အတွင်း ခရိုင် ၄ ခုမှာ ဝက်အကောင်ရေ ၆၀ သေဆုံး ခဲ့တယ်လို့သိရပါတယ်။

မနေ့က အာဖရိက ဝက်တုပ်ကွေး ကြောင့်ဝက်သေဆုံးမှုအများဆုံး ခရိုင်က ခေါဇောလ် ခရိုင်၊ ဂျာလ်ရန်း (Calrang) ကျေးရွာမှာ ဖြစ်ပြီး ဝက် ၂၆ ကောင်သေဆုံးခဲ့ကာ ကျန်တဲ့ခရိုင်တွေမှာတော့ ၁၀ ကောင် အောက်သေဆုံးခဲ့ကြပါတယ်။

မနေ့က သေဆုံးတဲ့ဝက်အကောင် ၆၀ အပါအဝင် ယခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ကျန်ဖိုင်ခရိုင် လေးသုန် (Leithum) ကျေးရွာမှ ဝက်တုပ်ကွေးရောဂါ စတင်တွေ့ရှိတဲ့အချိန်ကနေ့ ဒီကနေ့အထိ သေဆုံးသွားတဲ့ ဝက်အကောင်ရေဟာ ၁၀၀၄၁ ရှိပြီဖြစ်ပါတယ်။

အလားတူ မနေ့ဩဂုတ်လ ၁၈ ရက်နေ့မှာပဲ ဝက်တုပ်ကွေး မပြန့်ပွားရန်အတွက် ဝက်အကောင်ရေ ၅၈ ကောင် ကိုရှင်းလင်းခဲ့ပြီး တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန ( Animal Husbandry & Veterinary Department) ရဲ့စာရင်းအရ ဒီနှစ်အတွင်း ဝက်တုပ်ကွေးရောဂါမပြန့်ပွားဖို့ ကြိုတင်ရှင်းလင်းထားတဲ့ ဝက်အကောင်ရေ ၁၈၂၅၀ ရှိပြီဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

တော်လှန်ရေး ၄ နှစ်ပြည့်အထိန်းအမှတ်အဖြစ် မတူပီမြို့နယ် CDM ကော်မတီမှ အချက် ၃ ချက်ပါသဘောထား ထုတ်ပြန်

၇၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်ကောင်စီက လက်နက်အားကိုးပြီး မတရားသဖြင့် အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ပြည့် အထိန်းအမှတ် အဖြစ် မတူပီမြို့နယ် CDM ကော်မတီက အချက် ၃ ချက်ပါ သဘောထားကို ဒီကနေ့ထုတ်ပြန်ထားပါတယ်။ ...

ဆက်ဖတ်ရန်