မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်များရဲ့ Biometric စာရင်းသွင်းမှု ၉၇ ရာခိုင်နှုန်းကျော် ပြီးစီး

ဇွန် ၂၃ ၊၂၀၂၆
Zalen

၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းကနေစတင်ခဲ့တဲ့ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝအချက်အလက် (Biometric) စာရင်းသွင်းမှုလုပ်ငန်းဟာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ လူဦးရေစာရင်းကောက်ယူရေးနဲ့ မဲဆန္ဒရှင်စာရင်း အထူးပြန်လည်စိစစ်ရေး (Special Intensive Revision – SIR) လုပ်ငန်းများမှာ အစိုးရဝန်ထမ်းများ အလုပ်များနေတဲ့အတွက် မြန်မာစစ်ဘေးရှောင်များရဲ့ Biometric စာရင်းသွင်းမှုလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘဲ ရပ်နားထားကြောင်း သိရပါတယ်။

လက်ရှိစာရင်းများအရ မီဇိုရမ်မှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင် ၂၉,၇၂၇ ဦးအနက် ၂၉,၀၄၇ ဦးရဲ့ Biometric အချက်အလက်များကို ကောက်ယူပြီးဖြစ်ကာ စုစုပေါင်းရဲ့ ၉၇ ဒသမ ၇၁ ရာခိုင်နှုန်းအထိ ပြီးစီးထားကြောင်း ဖော်ပြထားပါတယ်။

Zalen ad

မီဇိုရမ်ရှိ ခရိုင် ၁၁ ခုအနက် Aizawl၊ Champhai၊ Lunglei၊ Mamit၊ Khawzawl နဲ့ Saitual ခရိုင်တို့မှာ Biometric စာရင်းသွင်းမှု လုပ်ငန်းများ အပြည့်အဝ ပြီးစီးသွားပြီဖြစ်ပါတယ်။

ဒါ့အပြင် Serchhip ခရိုင်မှာ ၉၉.၈၆ ရာခိုင်နှုန်း၊ Kolasib ခရိုင်မှာ ၉၆.၁၅ ရာခိုင်နှုန်းနဲ့ Lawngtlai ခရိုင်မှာ ၉၅.၈၃ ရာခိုင်နှုန်းအထိ ပြီးစီးထားကြောင်း သိရပါတယ်။

မြန်မာစစ်ဘေးရှောင် အများဆုံး ခိုလှုံနေတဲ့ စတုတ္ထမြောက်ခရိုင်ဖြစ်သော Siaha ခရိုင်မှာ စစ်ဘေးရှောင် ၃,၀၇၅ ဦးရှိတဲ့အနက် ၈၈ ဒသမ ၆၂ ရာခိုင်နှုန်းသာ Biometric စာရင်းသွင်းနိုင်သေးပြီး Hnahthial ခရိုင်တွင်မူ ၉၀ ဒသမ ၅၁ ရာခိုင်နှုန်းအထိ ပြီးစီးထားပါတယ်။

တဖက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်း ဒေသမှ မီဇိုရမ်သို့ ထွက်ပြေးခိုလှုံလာသူများရဲ့ Biometric စာရင်းသွင်းမှုလုပ်ငန်းမှာလည်း ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း သိရပါတယ်။

ဇွန်လ ၂၀ ရက်အထိ စာရင်းများအရ ဘင်္ဂလားဒေ့ရှ်မှ စစ်ဘေးရှောင် ၁,၄၈၂ ဦးအနက် ၁,၄၄၇ ဦးရဲ့ Biometric အချက်အလက်များကို ကောက်ယူထားပြီးဖြစ်ကာ ၉၇.၆၄ ရာခိုင်နှုန်း ပြီးစီးထားကြောင်း သိရပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်