ရုရှားရဲ့ ညအချိန်တွင် ဒုံးကျည်နှင့် ဒရုန်း အပြင်းအထန် တိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့ ထိခိုက်

ဇူလိုင် ၃၊ ၂၀၂၆
Zalen

ရုရှားတပ်ဖွဲ့များက ယူကရိန်းမြို့တော် ကိယက်ဗ် (Kyiv) ကို ညအချိန်အတွင်း ဒုံးကျည်များနှင့် ဒရုန်းများ အသုံးပြုပြီး အကြီးစားလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားစဉ် ကိယက်ဗ်မြို့တဝန်းတွင် လေကြောင်းတိုက်ခိုက်မှု သတိပေးစနစ်များအသံမြည်ခဲ့ပြီး ယူကရိန်းလေကြောင်းကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်လာသော ဒုံးကျည်များနှင့် ဒရုန်းများကို ကြားဖြတ်ဟန့်တားရန် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ယခုလိုအကြီးစားတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံးပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း BBC က ဖော်ပြထားပါတယ်။

Zalen ad

ယက်ဗ်မြို့တော်ဝန်က ယခုတိုက်ခိုက်မှုကို မြို့တော်အပေါ် ကျရောက်ခဲ့တဲ့ အကြီးမားဆုံး တိုက်ခိုက်မှုများထဲက တခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် လူနေအဆောက်အအုံများနှင့် အခြေခံအဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး မီးလောင်မှုများလည်း ဖြစ်ပွားခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ဆက်လက်ရှာဖွေကယ်ဆယ်နေကြောင်း သိရပါတယ်။

Vessy
ကိုးကား – DRM

နောက်ဆုံးရသတင်းများ

တပတ်မှ တကြိမ်ပဲ ထိုးရမယ့် အင်ဆူလင်အသစ် အိန္ဒိယမှာ စတင်မိတ်ဆက်

ဇူလိုင် ၁၀၊ ၂၀၂၆ Zalen ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။ “Awiqli”  လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ...

ဆက်ဖတ်ရန်