သတ်မှတ်ဈေးပိုရောင်းတဲ့ စွပ်စွဲချက်နဲ့ ဆန်ကုန်သည်တွေ ဖမ်းဆီးခံရ

၂၉၊ ဩဂုတ်၊ ၂၀၂၄

Zalen

စစ်ကောင်စီ သတ်မှတ်ထားတဲ့ ဆန်ဈေးနှုန်းအတိုင်း မရောင်းလို့ဆိုပြီး ဩဂုတ် ၂၇ ရက်နေ့မှာ ရန်ကုန်မြို့က ဆန်ကုန်သည် ဆယ်ဦးကို စစ်ကောင်စီက ဖမ်းသွားတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့၊ ဝါးတန်းကုန်စည်ဒိုင်မှာ ဆန်အရောင်းအဝယ်လုပ်နေတဲ့ ကုန်သည်နဲ့ ပွဲစားဆယ်ဦးကို ဖမ်းဆီးခဲ့တာလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

“ ဆန်ဆိုင်တွေမှာ တချို့ဆို မရောင်းရဲကြဘူး။ ရောင်းမယ်ဆိုရင် စစ်ကောင်စီရဲ့ သတ်မှတ်ဈေးနဲ့က မကိုက်ဘူး။ ပြင်ပ ပေါက်ဈေးအတိုင်း ရောင်းရင်လည်း အဖမ်းခံရ၊ အဲဒီလိုတွေ။ ၂၇ ရက်နေ့ကလည်း ဆယ်ယောက်ကျော် ဖမ်းခေါ်သွားတယ်။ ” လို့ ‌ရန်ကုန်မြို့က ဆန်ကုန်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ပြည်တွင်းဆန်ဈေးကွက်မှာ ဈေးနှုန်းတွေ အဆမတန်မြှင့်တင်ရောင်းဝယ်နေတဲ့ ဆန်ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေကို အရေးယူသွားမယ်လို့ ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဆန်စပါးလုပ်ငန်းရှင် ခုနစ်ဦး၊ ဂျပန်နိုင်ငံသားတစ်ဦးနဲ့ အခြားတာဝန်ရှိသူသုံးဦး စုစုပေါင်း ၁၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး အရေးယူခဲ့ပါတယ်။

ဆန်ကြမ်းအုပ်စုတွေအတွက် ၂၄ ပြည် ဆန်တစ်အိတ်ကို အမြင့်ဆုံး ကျပ်ငွေ ၆၈,၀၀၀ ကနေ ၈၀,၀၀၀ ကြားနဲ့ ဆန်ချောအုပ်စုတွေအတွက် ၂၄ ပြည် ဆန်တစ်အိတ်ကို အမြင့်ဆုံး ကျပ်ငွေ ၈၇,၀၀၀ ထက် ကျော်လွန်မရောင်းချဖို့ စစ်ကောင်စီက ဩဂုတ်လအတွင်း ဆန်စပါးရည်ညွှန်းဈေးအနေနဲ့ သတ်မှတ်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်