သြစတြေးလျ နိုင်ငံအခြေစိုက် UMBC အသင်းတော်မှမတူပီမြို့နယ်စစ်ဘေးရှောင်များအတွက်ရိက္ခာများလှူဒါန်း

===================

၂၈ ၊ ဇူလိုင် ၊ ၂၀၂၄

Zalen

​သြစတြေးလျနိုင်ငံ၊ United Matu Baptist Church ( UMBC) အသင်းတော်က မတူပီမြို့နယ်စစ်ဘေးရှောင်ပြည်သူများအတွက်လိုအပ်တဲ့ စားနပ်ရိက္ခာများလှူဒါန်းပေးတယ်လို့စစ်ဘေးရှောင်တွေထံမှသိရပါတယ်။

UMBC မှ မတူပီမြို့နယ် ၊လာလွီးရွာမှ စစ်ဘေးရှောင်နေတဲ့ ပြည်သူများအတွက် ကျပ်သိန်း ၆၀ လှူဒါန်းထားပြီး ဇူလိုင် ၂၈ ရက်နေ့တွင် စစ်ဘေးရှောင် အိမ်ထောင်စုအလိုက် စားဆီ၊ ဆပ်ပြာတောင့် ၊ ဆန်၊ ဆား နဲ့ ငွေသားအားဖြင့် အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့မှ မျှဝေပေးကြတယ်လို့သိရပါတယ်။

” ကျွန်တော်တို့ လာလွီးရွာမှာက မြို့ပေါ်နဲ့ ဝလံပီး ၊ ကလား ၊ ဝလံတဲ ၊ လေဆင်းရွာက စစ်ဘေးရှောင်တွေရှိပါတယ်။ အခုလှူဒါန်းတာလည်း ဆီ၊ ဆား ၊ ဆန် နဲ့ အိမ်ထောင်စုအလိုက်ငွေသားနဲ့ပေးကြပါတယ်”လို့ စစ်ဘေးရှောင်ပြည်သူ တစ်ဦးက ပြောပါတယ်။

မတူပီမြို့နယ် လာလွီးကျေးရွာတွင် စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၅၀ ကျော်ရှိနေပြီး လူဦးရေ ၃၀၀ ကျော် လာရောက်ခိုလှုံစစ်ဘေးရှောင်နေကြတယ်လို့သိရပါတယ်။

သတင်း-သမိုင်းသစ်

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်