ဟားခါးဗျူဟာကုန်းကို စစ်ကောင်စီက လက်နက်အင်အားဖြည့်တင်းနေ

၇၊ဩဂုတ်၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ ဟားခါးမြို့၊ရုန်းတောင်ပေါ်မှာရှိတဲ့ စစ်တပ်ဗျူဟာကုန်းထဲကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်း မှာထောက်ပို့လေယာဉ်ဖြင့်လက်နက်များပို့ချကာ အင်အားဖြည့်တင်းခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီထောက်ပို့လေယာဉ်ဟာ ဒီကနေ့ဩဂုတ်လ ၇ ရက်မနက် ၂ နာရီ ဝန်းကျင်ကနေစပြီး ဟားခါးမြို့ပေါ်ကိုပျံဝဲလာကာ မနက်ပိုင်း ၉ နာရီကျော်အထိ လက်နက်များကို လေထီးဖြင့်ချပေးခဲ့တာ လို့သိရပါတယ်။

“ဒီမနက် ၂ နာရီဝန်းကျင်ကနေစပြီးတော့ အသံစကြားတာ ဟားခါးမြို့အပေါ်နားမှာ နိမ့်နိမ့်လေးပျံနေသလား လို့ထင်ရတယ်။ ညသန်းခေါင်လည်းဖြစ်တယ်ဆိုတော့ အသံက အကျယ်ကြီးဘဲ ။ အဲ့လိုပျံတာက တော်တော် ကြာတယ်။ ည မှာတော့ လက်နက်တွေချမချ မသိရဘူး။ ဒါပေမယ့်မိုးလင်းပြီး ဒီမနက်မှာ အဲဒီထောက်ပို့ယာဉ် က ပြန်လာပြီးတော့ လေထီးတွေနဲ့ ရုန်းတောင်ပေါ်ကို ပစ္စည်းတွေချတာ။ ဟားခါးမြို့ပေါ်မှာ ပတ်ပျံပြီးတော့ ရုန်းတောင်ပေါ်ရောက်တဲ့ အချိန်မှာ လေထီးတွေနဲ့ ချတာ။ တစ်ခါချရင် လေထီး ၂ ခု နဲ့ ချတယ်။ စုစုပေါင်းချတာက ၁၀ ခါလောက်တော့ရှိမယ်။”လို့ ဟားခါးမြို့ မြို့သစ်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုး သားတစ်ဦးက ပြောပါတယ်။

အလားတူ ဩဂုတ်လ ၆ ရက် ညသန်းခေါင်မှာ မြို့ထဲကနေ သေနတ်သံတွေလည်းထွက်ပေါ်ခဲ့တယ်လို့သိရပါ တယ်။

“အဲဒီလေယာဉ်ပျံဝဲလာတဲ့ အချိန်မှာ စျေးသစ်ရပ်ကွက်က Zion ဘုရားကျောင်းအောက်ဘက်ကနေ သေနတ် သံတွေဆက်တိုက် ကြားနေရတယ်။နှစ်ဖက်ပစ်ခတ်မှုလား ဆိုတာတော့ မသိနိုင်သေးဘူး။”လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။

လက်ရှိမှာ ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များက ထန်တလန်မြို့ပေါ်အပါအဝင် ထန်တလန်-ဟားခါးကြားက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်လျက်ရှိပြီး ထန်တလန်မြို့ပေါ်က အဓိကစခန်းကုန်းဖြစ်တဲ့ ခလရ ၂၆၉ စခန်းအပါအဝင် စခန်းပေါင်း ၈ ခု ထက်မနည်းကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကာကျန်ရှိနေသေးတဲ့ စခန်းတစ်ချို့ ကိုဆက်လက်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။

ဟားခါးမြို့ပေါ်ကနေလည်း လက်နက်ကြီးပစ်ကူတာတွေ၊ ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်အင်အားဖြည့်တင်းတာတွေ လုပ်ဆောင် ခဲ့တယ်လို့သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

လူသတ်ဓားပြတိုက်ပြီး မူးယစ်ဆေးဖြန့်နေတဲ့ CDF တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းအမှား

============== ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၅ ခုနှစ် Zalen အိန္ဒိယနိုင်ငံအတွင်း ခိုး၀င်ပြီး လူသတ်ဓါးပြတိုက် မူးယစ်ဆေးဖြန့်နေတဲ့ ချင်းကာကွယ်ရေးတပ်(CDF)တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့်  Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်က ...

ဆက်ဖတ်ရန်