အကြမ်းဖက်စစ်ကောင်စီတပ်က တာဟန်းခံတပ်ကိုသိမ်းဖို့ မြို့ပတ်လမ်းကနေ အင်အားဖြည့်နေဟုဆို

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တာဟန်းရပ်ကွက်ရှိ ပြည်သူ့သပိတ်ခံတပ်ကိုစီးနှင်ဖို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဒီမနက်တွင် မြို့လှရပ်ကွက်မြို့ပတ်လမ်းကနေ စစ်ကား (၅)စီးနဲ့ အင်အားဖြည့်နေတယ်လို့သတင်းရရှိပါတယ်။

ဒေသခံတစ်ဦးက “ဒီမနက်က မြို့လှရပ်ကွက် အမှတ် (၃)လမ်း မြို့ပတ်လမ်းကနေ လူအပြည့်တင်ထားတဲ့ စစ်ကား (၅)နဲ့ နောက်မှာခြေလျင်နဲ့သွားတဲ့သူတွေလည်းရှိတယ်။ သူတို့က တောင်ဖီလာဘက်ကိုသွားကြတယ်။ အဲ့မှာလည်း ပြည်သူ့ခံတပ်ရှိတော့ ဒီနေ့ သေနတ်သံတစ်ချက်တော့ကြားမိသေးတယ်။ ဦးပုဒ်ချောင်းကျော်ရင် နေပြည်တော်ရပ်ကွက်ဘက်လည်း သွားလို့ရတယ်လေ။ တာဟန်းခံတပ်ကို ဘေးနဲ့ အနောက်ကနေ ဝင်စီးဖို့စိစဉ်ကြတယ်ထင်တယ်။ ညနေ ၄ နာရီလောက်မှာ စစ်ကားတွေ အထဲဟောင်းလောင်နဲ့ မြို့ပတ်လမ်းဘက်ကိုပြန်လာကြတယ်” လို့ပြောပါတယ်။

တောင်ဖီလာခံတပ်ကလူတွေကို စစ်တပ်က လိုက်လံနေတယ်လို့ ယင်းခံတပ်မှာပါဝင်တဲ့သူတစ်ယောက်က လူမှုကွန်ယက်တွင်တင်ထားတာတွေ့ရပါတယ်။

Zalen ad

အာဏာလု စစ်ကောင်စီတပ်ဟာ ကလေးမြို့ ဗိုလ်ချုပ်လမ်းဘေးက စမ်းမြို့ဘုန်းကြီးကျောင်းနဲ့ တာဟန်းရပ်ကွက် မေသိုဒိတ်ဘုရားကျောင်းဘက်တိုင်တွင် နေရာယူထားတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

တာဟန်းခံတပ်ကို အာဏာလုစစ်ကောင်စီတပ်က မတ်လ (၂၈)ရက်ညနေ ၃ နာရီခန့်တွင် လက်နက်ကြီးများအသုံးပြုကာ ဝင်ရောက်ဖြိုခွဲတာကြောင့် ပြည်သူ (၄)ဦးကျဆုံးသွားပါတယ်။

ဒါကြောင့် ဂန့်ဂေါ နဲ့ မုံရွာဘက်ကနေ စစ်ကူလာတဲ့ အာဏာလုစစ်ကောင်စီတပ်တွေကို ကလေး-ဂန့်ဂေါလမ်းပေါ်က ပြည်သူတွေက ရရာလက်နက်နဲ့ မတ်လ (၂၉)ရက်ကနေ ဧပြီလ (၁)ရက်ထိ ကလေး-ဂန့်ဂေါလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်ကိုလေကြောင်း တိုက်ခိုက်မှု ပြုလုပ်မည်ဟု ဦးလှဆွေ ခြိမ်းခြောက်

မေ ၈၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရောက်ရှိနေသဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သွားမှာဖြစ်တယ်လို့ စစ်တပ်ထောက်ခံသူ ဘူးလက်လှဆွေက ခြိမ်းခြောက်ထားပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဟာ ကျောက်တော်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုပြင်းထန်ပြီးနောက် ...

ဆက်ဖတ်ရန်