အရင်က သမဝါယမစနစ်အတိုင်းကို ပြန်သွားဖို့ စစ်ခေါင်းဆောင်ပြော

၃၀၊ ဇူလိုင်၊ ၂၀၂၄

Zalen

စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ လုပ်ဆောင်ရာမှာ သမဝါယမစနစ်က အသင့်တော်ဆုံးဖြစ်ပြီး အဲဒီစနစ်ကို ကျင့်သုံးဖို့အတွက် ဇူလိုင် ၂၆ ရက်နေ့မှာ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပြည်ထောင်စုဝန်ကြီးတွေနဲ့ မနေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ စီးပွားရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးရာမှာ ‌အခုလို ထည့်သွင်းပြောဆိုသွားတာပါ။

စစ်ခေါင်းဆောင်က သမဝါယမစနစ်ဆိုတာ စိတ်ဆန္ဒ၊ ရည်ရွယ်ချက်ခြင်းတူညီတဲ့ လုပ်ငန်းရှင်အချင်းချင်း၊တောင်သူအချင်းချင်း စုဖွဲ့ဆောင်ရွက်ရတဲ့ အသင်းအဖွဲ့စနစ်တစ်ခုဖြစ်ကာ ပါတီစုံဒီမိုကရေစီစနစ်မှာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေပြီး အဆိုပါစနစ်မှာ အစိုးရက ပါဝင်ဆောင်ရွက်နိုင်တဲ့လုပ်ငန်းတွေရှိသလို ပါဝင်မဆောင်ရွက်နိုင်တဲ့လုပ်ငန်းတွေရှိတာကြောင့် အဲဒီလုပ်ငန်းတွေအဆင်ပြေချောမွေ့စေဖို့ သမဝါယမစနစ်သာ အသင့်တော်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် သမဝါယမအသင်းတွေဖွဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေကို မျိုး၊မြေ၊ ရေ၊ နည်း ၄ ချက်နဲ့အညီဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး စိုက်ပျိုးရေးနဲ့မွေးမြူရေးထုတ်ကုန်တွေကို အခြေခံတဲ့ စက်ရုံ၊ အလုပ်ရုံတွေကိုတည်ထောင်စေဖို့ လည်း စစ်ကောင်စီဥက္ကဌက ညွှန်ကြားခဲ့ပါတယ်။

” အခုလည်း ထူးတော့ မထူးပါဘူး။ ဆန်၊ ဆီ ၀ယ်ဖို့ မှတ်ပုံတင်၊ အိမ်ထောင်စု ပြရနေရတယ်။ အရင်က ပုံစံအတိုင်း သွားမယ်ဆိုရင် ကုန်ပစ္စည်း ၀ယ်ယူမှုတွေ အခက်အခဲ ရှိလာနိုင်တယ်။ ဆပ်ပြာကအစ သူတို့ ရောင်းပေး ‌သလောက် ကန့်သတ်ချက်နဲ့ပဲ ရမှာပဲ။ တခြားရောင်းချမယ့်သူတွေကို ကန့်သတ်မယ်၊ ပိတ်ပင်မယ်။ ဒီလိုတွေ ဖြစ်လာမှာပဲ၊ ရန်ကုန်တို့၊ မန္တလေး တို့မှာအရင် သမဝါယမစနစ်ကို စတင်ဖော်ဆောင်လိမ့်မယ် ထင်တယ်။ ” လို့ စီးပွားရေး‌ လေ့လာသူတစ်ဦးလည်းဖြစ်တဲ့ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တစ်ဦး က ပြောပါတယ်။

မေလကစပြီး စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကြောင့်မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေပြပြီး ဆန်ဝယ်ဖို့တန်းစီရတာ၊ ဆီဝယ်ဖို့ တန်းစီစောင့်ဆိုင်းရတာ လုပ်နေရတယ်လို့ သိရပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်