အာဆီယံရဲ့ မြန်မာ့အရေးဆိုင်ရာအထူးကိုယ်စားလှယ်က စစ်ကောင်စီရွေးကောက်ပွဲကို မထောက်ခံကြောင်းပြော

ဇန်နဝါရီ ၂၃၊ ၂၀၂၆။

Zalen

အာဆီယံရဲ့ မြန်မာ့အရေးဆိုင်ရာအထူးကိုယ်စားလှယ်လည်းဖြစ်၊ အာဆီယံဥက္ကဋ္ဌလည်းဖြစ်တဲ့ မာသာ ထရီဆာ လာဇာရိုက “ကျွန်မက ရွေးကောက်ပွဲတွေကို ထောက်ခံနေတာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပြီး မြန်မာစစ်အစိုးရကို ဆန့်ကျင်သူများနဲ့ နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်ရန် မျှော်လင့်ထားကြောင်းကို ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

Zalen ad

လာဇာရိုက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မထောက်ခံသော်လည်း ရလဒ်ကို ပွင့်လင်းစွာ စောင့်ကြည့်နေချိန်မှာ အဖွဲ့များ ပိုမိုပါဝင်လာရန် မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ အဆင့်သုံးဆင့် မဲပေးမှုတွေမှာ ပြီးစီးသွားတဲ့ မဲပေးမှုနှစ်ကြိမ်ရဲ့ ရလဒ်များအရ စစ်တပ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ပါတီတခုဟာ နေရာအများစုမှာ အနိုင်ရရှိ နေတယ်လို့ ဆိုပါတယ်။

မဲပေးသူနည်းပါးသော်လည်း စစ်အစိုးရက ရွေးကောက်ပွဲကို “ပြည်သူလူထုအတွက် အောင်ပွဲ” ဟု ခေါ်ဆိုခဲ့ပြီး နိုင်ငံရေးတည်ငြိမ်မှုကို ယူဆောင်လာပေးမယ်လို့ ပြောကြားထားတယ်လို့ သူမကဆိုပါတယ်။ လာဇာရိုက “ရွေးကောက်ပွဲကို ထောက်ခံနေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီဖြစ်ရပ်တွေကနေ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်နေပါတယ်”လို့ သူမက ရိုက်တာသတင်းဌာနရဲ့ အင်တာဗျူးတခုတွင် ပြောကြားခဲ့ပါတယ်။

 ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဆန္ဒပြလှုပ်ရှားမှုတခု ဖြစ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ပဋိပက္ခများကြောင့် ပျက်စီးယိုယွင်းနေခဲ့တယ်လို့ပြောပါတယ်။ ဝေဖန်သူများနဲ့ အနောက်နိုင်ငံအစိုးရအချို့က ရွေးကောက်ပွဲကို အရပ်သားကိုယ်စားလှယ်များမှတဆင့် စစ်တပ်အုပ်ချုပ်မှုကို တည်တံ့စေဖို့ တဖက်သတ်လိမ်လည်မှုဟု ခေါ်ဆိုကြသော်လည်း အာဆီယံက စောင့်ကြည့်ဖို့ စောင့်ကြည့်သူများကို မစေလွှတ်ခဲ့ပါဘူး။

ယခုနှစ်တွင် သူမရဲ့ရာထူးကို စတင်တာဝန်ယူခဲ့သော Lazaro က ဖိလစ်ပိုင်နိုင်ငံ Tagaytay မြို့တွင် ကျင်းပခဲ့သော မြန်မာ့အ‌ရေးဆွေး‌‌နွေးပွဲ (Stateholders’ Meeting) တွင် တင်းမာမှုလျှော့ချရေး၊ အကူအညီများပေးပို့ခြင်းကို လွယ်ကူချောမွေ့စေရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲများမြှင့်တင်ရေးတို့ကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ၂ရက်ကြာအစည်းအဝေးသို့ ချင်းအမျိုးသားတပ်ဦး (CNF)  တက်ရောက်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြပါရှိပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရက အစည်းအဝေးနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်းမရှိသော်လည်း လာဇာရိုက ၎င်းတို့ပါဝင်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အခြားအဖွဲ့များလည်း ပိုမိုပါဝင်ဆောင်ရွက်မှုများ ရှိလာမည်လို့ မျှော်လင့်ကြောင်း လာဇာရိုက ပြောကြားခဲ့ ပါတယ်။

အာဆီယံ ဘုံသဘောတူညီမှု ၅ချက်လို့ လူသိများသော ငြိမ်းချမ်းရေး အစီအစဉ်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ တိုးတက်လာခြင်းမှအပ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သတင်း-Mai Nwayoo

ကိုးကား-ရိုက်တာသတင်း

#ASEAN#ဖိလစ်ပိုင်#Zalen

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်