အာဆီယံ မြန်မာ့အရေးအထူးသံတမန်နဲ့ NUG ၊ K2C တို့ဘန်ကောက်မှာတွေ့ဆုံ

၉၊ ဖေဖော်ဝါရီ၊ ၂၀၂၅

Zalen

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၊ K2C အဖွဲ့တို့နဲ့ ၂၀၂၅ အာဆီယံ အလှည့်ကျ ဥက္ကဌ အသစ် မလေးရှားရဲ့ မြန်မာ့အရေးအထူးသံတမန် မစ္စတာ တန်ဆီရီအော့မန်းဟာရှင် တို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီ ၇ရက်နဲ့ ၈ ရက်နေ့တွေမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

K2C ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်တဲ့ NUG ရဲ့ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်ပါတယ်။

လာမယ့် ဧပြီမှာ အာဆီယံက စတင်အကောင်အထည်‌‌ဖော်မယ့် မြန်မာ့ပြဿနာဖြေရှင်းရေးလုပ်ငန်းစဉ်အတွက် ဘက်ပေါင်းစုံက နိုင်ငံရေးဦးဆောင်အဖွဲ့တွေနဲ့တွေ့ဆုံတာလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က အာဆီယံ မြန်မာ့အရေး အထူးသံတမန်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

“တွေ့တာတော့ တွေ့နေကြတာပဲ၊ စကစကို ၆ ရက်နေ့က တွေ့တယ်၊ နောက် ၇၊ ၈ မှာ ဒီဘက်ကို တွေ့တယ်ဆိုတော့ သူက အရင် အင်ဒိုနီးရှားဥက္ကဌ လုပ်ခဲ့တဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံရေးကို ဆက်ပြီး အကောင်အထည် ဖော်နေပုံရပါတယ်။ အာဆီယံကနေ သိပ်ပြီး မျှော်လင့်လို့ မရဘူး၊ ဘာမှကြီးကြီးမားမား ဖြစ်လာမှာ မဟုတ်လောက်ဘူး။ ” လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၇ရက်နေ့မှာပဲ မစ္စတာ တန်ဆီရီအော့မန်းဟာရှင် ဟာ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေး Dusit Manapan နဲ့တွေ့ဆုံထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

တလန်ဇာန်ကျေးရွာ လေကြောင်း တိုက်ခိုက်မှုဟာ တော်လှန်ရေးသမားများလုပ်ခဲ့တာဆိုတဲ့ သတင်းအမှား

Zalen မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ အဆောက်အအုံတွေ ပျက်စီးတာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးဖြင့်ပစ်ခတ်တာလို့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိလျက်ရှိဆိုတဲ့ သတင်းကို ...

ဆက်ဖတ်ရန်