၄ လအတွင်း ထိုင်းကို မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ဝင်ရောက်

ဇူလိုင် ၄၊ ၂၀၂၆
Zalen

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ၊ စီးပွားရေး ကျပ်တည်းမှုတွေနဲ့ စစ်မှုထမ်းဥပဒေတို့ကြောင့် အခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာကာလအတွင်းမှာပင် မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်ခဲ့ဝယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘေးကင်းလုံခြုံမှုနဲ့ ပိုကောင်းတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရှာဖွေဖို့အတွက် မြန်မာနိုင်ငံသား စုစုပေါင်း ၆၈၇,၀၀၀ ဦး ၀င်ရောက်ခဲ့တာလို့ ဆိုပါတယ်။

သူတို့ဟာ ထိုင်း- မြန်မာ နယ်စပ်တလျှောက်ရှိ တာ့ခ်၊ ရနောင်း၊ ကန်ချနဘူရီနဲ့ ချင်းရိုင်ခရိုင်တွေကတဆင့် ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်ခဲ့ကြတာလို့ IOM က ဖော်ပြထားပါတယ်။

Zalen ad

အခုလို ဝင်ရောက်လာသူတွေထဲက ၁၁ ရာခိုင်နှုန်းဟာ ထိုင်းနိုင်ငံမှာ အချိန်ကာလ မည်မျှကြာအောင် နေထိုင်ရမှာကို မသိရှိကြတာကြောင့် သူတို့ကို ရေရှည်ရွှေ့ပြောင်း နေထိုင်သူတွေအဖြစ် သတ်မှတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားအချို့ဟာ ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်မြို့တွေကို ဖြတ်ကျော်ကာ မလေးရှားနိုင်ငံကို ဆက်လက်ထွက်ခွာမယ့် အခြေအနေများ ရှိနေပေမယ့် အဲဒီလမ်းကြောင်းမှာ စောင့်ကြည့်စစ်ဆေးဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ IOM ပြောထားပါတယ်။

Emily

ဓာတ်ပုံ-ပုံဟောင်း

နောက်ဆုံးရသတင်းများ

ခမ်းပါတ်-ရာဇဂြိုဟ် လမ်းမှာကင်းချထားတဲ့ စစ်တပ်ကလမ်းခရီးသွားပြည်သူများကိုငွေညှစ်တာ ခြိမ်းခြောက်တာမျိုးလုပ်ဆောင်နေ

ဇူလိုင်  ၁၀၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေး-တမူး လမ်းရှိ ခမ်းပါတ်မြို့နဲ့ ရာဇဂြိုဟ် မြို့ကြားမှာကင်းချထားတဲ့ စစ်ကောင်စီတပ်များက ခရီးသွားပြည်သူများကို ငွေညှစ်တာ၊ ခြိမ်းခြောက်တာမျိုးပြုလုပ်နေတယ်လို့ ဒေသခံများထံက သိရပါတယ်။ ပြီးခဲ့တဲ့လက ကလေး-တမူးလမ်းမပေါ်ရှိ ခမ်းပါတ်မြို့နဲ့ ရာဇဂြိုဟ်မြို့ကို ...

ဆက်ဖတ်ရန်