ကလေး၊ ဟားခါးနဲ့ ရိခေါ်ဒါရ်ကနေ ဖလမ်းပြန်မယ့် စစ်ရှောင်တွေ နာမည်စာရင်းပေးနိုင်ပြီလို့ဆို

ဇွန် ၉ ၊ ၂၀၂၆
Zalen

ဇွန်လ ဒုတိယအပတ်ထဲမှာ ကလေး၊ ဟားခါးနဲ့ ရိခေါ်ဒါရ်မြို့တွေကနေ ချင်းပြည်နယ် ဖလမ်းမြို့ နေရပ်ပြန်ချင်တဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ ကလေးမြို့မှာရှိတဲ့ Central Chin Pawlpi ရုံးမှာ မနက်ဖြန် ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးကြဖို့ တာဝန်ရှိသူတွေက နှိုးဆော်ထားပါတယ်။

စာရင်းပေးချင်သူတွေအနေနဲ့ ကလေးမြို့က Central Chin Pawlpi ရုံးမှာ မနက် ၈ နာရီကနေ ၁၁ နာရီအထိ တစ်ကြိမ်၊ နေ့လည် ၁၂ နာရီကနေ ၃ နာရီအထိ တစ်ကြိမ် သွားရောက်စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

ကလေးမြို့ကနေ ဖလမ်းမြို့ကို ပြန်ကြမယ့်သူတွေအတွက် လူတစ်ယောက်ကို အိတ် ၃ အိတ်အထိ သယ်ဆောင်ခွင့်ပြုမှာဖြစ်ပြီး၊ ကျန်းမာရေးမကောင်းသူတွေနဲ့ ဆိုင်ကယ်မစီးနိုင်တဲ့ သက်ကြီးရွယ်အိုတွေအတွက်လည်း Mini Bus (မော်တော်ယာဉ်အသေး) စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။

Zalen ad

ဒါ့အပြင် ဟားခါးမြို့နဲ့ ရိခေါ်ဒါရ်ဘက်ကနေ ပြန်လာမယ့်သူတွေကိုလည်း ကားစီစဉ်ပေးမှာဖြစ်လို့ တာဝန်ရှိသူတွေဆီ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးဖို့ တိုက်တွန်းထားပါတယ်။

ဖလမ်းမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် နေရပ်ပြန်ချင်သူတွေအတွက် Falam Pawlpi Falam က ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကတည်းက ကားတွေ စတင်စီစဉ်ပေးခဲ့တာပါ။ အခုတစ်ခေါက်မှာတော့ ဖလမ်းခရစ်ယာန် ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ (FCMF) က ဦးဆောင်ပြီး ဖလမ်းအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSOs) အားလုံး စုပေါင်းပြီး ဝိုင်းဝန်းကူညီ စီစဉ်ပေးနေတာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့မှာတော့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုဝင် ရာနဲ့ချီ နေရပ်ပြန်လည်အခြေချနေထိုင်နေကြပြီဖြစ်ပြီး၊ ဌာနဆိုင်ရာရုံးတွေနဲ့ ကျောင်းတွေကိုလည်း ဒီဇွန်လကစတင်ကာ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Mary

Photo Crd- Bingbipar Laisak

နောက်ဆုံးရသတင်းများ

မဏိပူရ်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်သောင်းကျန်း သူများကိုနှိမ်နင်းရန် အထူးတပ်ဖွဲ့ CoBRA တပ်ရင်း (၃) ရင်းစေလွတ်

ဇွန်  ၉၊  ၂၀၂၆ Zalen  အိန္ဒိယ၊ မဏိပူရ်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်သောင်းကျန်းသူများကိုနှိမ်နင်းရန် CRPF ညွန်းကြားရေးမှုချူပ်က အထူးတပ် CoBRA တပ်ဖွဲ့ တပ်ရင်း(၃) ရင်းကိုစေလွတ်ထားတယ်လို့ ဒေသသတင်းများဖော်ပြချက်အရသိရပါတယ်။ အခုလို စေလွတ်ထားတဲ့ အထူးလှုပ်ရှားတပ် CoBRA တပ်ရင်း (၃) ...

ဆက်ဖတ်ရန်