ကူမင်တက္ကသိုလ်က ပါရဂူဘွဲ့စာတမ်းပြုစုဖို့ ချင်းပြည်နယ် မှိုအကြောင်းလေ့လာ

တရုတ်နိုင်ငံ ကူမင်တက္ကသိုလ်က ပါရဂူသင်ကြားနေတဲ့ Ms Huili နဲ့ Pro.Dr. Peter က ချင်းပြည်နယ် တီးတိန်၊ တွန့်ဇံမြို့တွေမှာ သြဂုတ်လ(၈)ရက်ကနေ (၁၁)ရက်ထိ မှိုအကြောင်းစာတမ်းပြုစုဖို့လာရောက်လေ့လာပါတယ်။

ရက်အနည်းအငယ်အတွင်း ၎င်းဒေသတွေမှာ သဘာဝအလျောက်ပေါက်ရောက်တဲ့ မှိုအမျိုးအစား(၅၀)ကျော်တွေ့ရှိပြီး ၎င်းတို့ထဲမှ လူတွေ စားသုံးလို့ရတဲ့၊ အဆိပ်အတောက်မဖြစ်တဲ့မှိုအမျိုးအစား(၂၀)ရှိတယ်လို့ဆိုပါတယ်။

၎င်းတို့နဲ့အတူလိုက်ပါတဲ့ ချင်းတောင်သဘာဝစောင့်ကြည့်ရေးအဖွဲ့က ကိုလျန်သွောလ်က “မှိုဆိုရင် ကျနော်တို့ ချင်းတွေက အဆိပ်အတောက်ရှိတယ်ဆိုပြီးမစားရဲကြဘူး။ ဒါပေမယ့် မှိုကလူတွေတွက်အဟာရဓာတ်ကောင်းတွေပါဝင်တယ်။ စားလို့ရတဲ့မှိုက ဘယ်လိုပဲချက်ချက် အဆိပ်မဖြစ်ဘူးဆိုတာ သူတို့ပြောတော့ ဒေသခံတွေလည်း မှိုစားဖို့ယုံကြည်မှုရှိလာကြတယ်။ ပြီးတော့ မှိုကသဘာဝပတ်ဝန်းကျင်နဲ့လည်းဆက်စပ်နေတယ်။ သစ်ပင်မရှိတဲ့နေရာမှာ မှိုမပေါက်သလို မှိုမပေါက်တဲ့နေရာမှာသစ်ပင်ကမရှင်သန်နိုင်ဘူး။ အဲလိုမှီခိုကြတယ်”လို့ဆိုပါတယ်။

ဒီနှစ်နွေရာသီမှာ သူတို့က တစ်ခေါက်လာပြီးပြီ နောက်တစ်ခေါက်လာအုံးမယ်လို့ပြောတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်