ချင်းပြည်နယ်ရဲ့ပထမဆုံး ဝဥစက်ရုံကို ကျပ်သိန်း တစ်သောင်းကျော်အကုန်ကျခံပြီးတည်ဆောက်
ချင်းပြည်နယ်ရဲ့ပထမဆုံး ဝဥစက်ရုံကို ကျပ်သိန်း တစ်သောင်းကျော်အကုန်ကျခံပြီးတည်ဆောက် ချင်းပြည်နယ်ရဲ့ ပထမဆုံး ဝဥစက်ရုံကို မင်းတပ်မြို့ ထင်ချောင်းအနီးတွင် ကျပ်သိန်း ၁၂၀၀၀ ကျော်အကုန်အကျခံပြီး တည်ဆောက်နေတယ်လို့သတင်းရရှိပါတယ်။ ထင်ချောင်းဟာ မင်းတပ်မြို့ကနေ မကွေး ကျောက်ထုသွားတဲ့လမ်းဘက်မှာရှိပြီး မြေ ၆ ဧကပေါ်မှာ စက်ရုံတည်ဆောက်နေတာဖြစ်တယ်။ ယင်းစက်ရုံကို မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်ရှိ ဝဥစိုက်တောင်သူ(၈၀၀)ကျော် စုပေါင်းပြီး တည်ထောင်ထားတဲ့ ချင်းတောင်ရတနာကုမ္မဏီကတည်ဆောက်နေတာဖြစ်တယ်။ ချင်းတောင်ရတနာကုမ္မဏီရဲ့ ဒါရိုက်တာ ဦးရှိန်းခယ်က “စက်ရုံကတော့ ဒီနှစ်အောက်တိုဘာလမှာ စတင်လည်ပတ်နိုင်ဖို့မှန်းထားတယ်။ အခု ရုံးခန်းတော့ဆောက်ပြီးသွားပြီ။ စက်ရုံလည်ပတ်မယ့်ပုံစံက ဝဥ ဆေးတဲ့ပိုင်း၊ အခွံလှီးတဲ့ပိုင်း၊ ဆာလာဖာရိုက်တဲ့ခန်း နဲ့ အခြောက်လှန်းတဲ့ခန်းတွေပါမယ်။ ဒီစက်ရုံကြောင့် သမားရိုးကျစိုက်ပျိုးတဲ့အလေ့အထကနေ အရည်သွေးဘက်ကိုလူတွေပိုလိုက်လာမယ်လို့မျှော်လင့်တယ်” လို့ပြောပါတယ်။ စက်ရုံကို အောက်တိုဘာလကနေ မတ်လအထိ ခြောက်လကြာ လည်ပတ်မှာဖြစ်ပြီး ဝဥအခြောက် တန်ချိန် … Continue reading ချင်းပြည်နယ်ရဲ့ပထမဆုံး ဝဥစက်ရုံကို ကျပ်သိန်း တစ်သောင်းကျော်အကုန်ကျခံပြီးတည်ဆောက်
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed